The network connection is lost.

Banner Image

ချန်ပီယံပြေးလမ်းမှာ လီဗာပူးက အခြားပြိုင်ဘက်တွေအတွက် စိတ်ရှုပ်စရာဖြစ်တယ်လို့ ပြောဆိုလာတဲ့ ယာဂန်ကလော့ပ်

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ မန်စီးတီးနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျကာ အမှတ်ပေးဇယား ဒုတိယနေရာဆီ ဆင်းပေးခဲ့ရပြီးနောက် နည်းပြ ယာဂန်ကလော့ပ်က ထိပ်တန်းကလပ်သုံးခုအကြား ယှဉ်ပြိုင်နေရတဲ့ ချန်ပီယံပြေးလမ်းမှာ အမှတ်ပေးချန်ပီယံဆုအတွက် လီဗာပူးက လက်ကျန်ပွဲစဉ်တွေ အားလုံးကို ရင်ဆိုင်တိုက်ပွဲဝင်သွားရမယ်လို့ ပြောဆိုလိုက်ပါတယ်။

အန်ဖီးလ်မှာ သရေတစ်မှတ်စီခွဲဝေယူခဲ့တာကြောင့် လက်ကျန် ၁၀ ပွဲ ကစားဖို့ ကျန်ရှိနေချိန် လီဗာပူးက ဂိုးကွာခြားမှုဖြင့် အမှတ်ပေးဇယား ဒုတိယနေရာဆီ ဆင်းပေးခဲ့ရပြီး အာဆင်နယ်ကတော့ အမှတ်ပေးဇယားဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့နောက်မှာ မန်စီးတီးက တစ်မှတ်အကွာဖြင့် ကပ်လိုက်နေပါတယ်။

ဂျာမန်သားကြီးကတော့ သူ့ရဲ့အသင်းဟာ ချန်ပီယံပြေးလမ်းရှိ အခြားပြိုင်ဘက်ကလပ်အသင်း နှစ်ခုအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ကလပ်အသင်းတစ်ခုဖြစ်နေလိမ့်မယ်လို့ အကောင်းမြင်မှုအပြည့်ဖြင့် ယုံကြည်နေပါတယ်။ အခုနိုင်ငံတကာသီတင်းပတ်အပြီး မတ် ၃၁ ရက်မှာ လီဗာပူးက ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ရှိပြီး အဲ့ဒီနေ့မှာပဲ မန်စီးတီးနဲ့ အာဆင်နယ်တို့ အီတီဟတ်ကွင်းမှာ စီးချင်းထိုးကြရပါမယ်။

လီဗာပူးအသင်း ဝက်ဘ်ဆိုဒ်နဲ့ တွေ့ဆုံစဉ် ယာဂန်ကလော့ပ်က “ကျွန်တော်တို့အသင်းက ပြိုင်ဘက်တွေအတွက် ပထုတ်လို့လည်းမရတဲ့၊ စိတ်ပျက်နာကျင်စရာကောင်းတဲ့၊ စိတ်ရှုပ်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်နေပါတယ်။ ကျွန်တော်တို့အသင်းရဲ့လက်ရှိအခြေအနေအရ အခြားအသင်းတွေကို အမှတ်ဖြတ်ပြီး ရှေ့မှဦးဆောင်နိုင်ဖို့လည်း မရှိပါဘူး။ အာဆင်နယ်ကလည်း မယုံကြည်နိုင်လောက်စရာ စုဖွဲ့မှုမျိုးဖြစ်ပါတယ်။ သူတို့ကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ် ငါးခု၊ ခြောက်ခုလောက်ကို ကျွန်တော်ကြည့်ခဲ့ပြီးပါပြီ။ တကယ့်ကို လက်ဖျားခါလောက်စရာပါ။  ပုံမှန်ပွဲထွက်ကစားသမားတွေနဲ့ပဲ အကောင်းဆုံး ကစားပြခဲ့ပါတယ်။ မာတင်နယ်လီ မရှိပေမယ့် ထရိုဆက် ရှိနေပါတယ်။ ဒါလည်း အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ကလည်း လက်ကျန်ပွဲစဉ် ၁၀ ပွဲလုံးကို ရင်ဆိုင်တိုက်ခိုက်ဖြတ်ကျော်သွားဖို့ပဲ လိုတာပေါ့”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်း ကာရာဘောင်ဖလား သိမ်းပိုက်နိုင်ခဲ့တဲ့ လီဗာပူးက သူတို့နည်းပြရဲ့နောက်ဆုံးရာသီမှာ လက်ကျန်ပွဲစဉ်တွေအားလုံးကို အကောင်းဆုံး ရင်ဆိုင်တိုက်ခိုက်သွားပါလိမ့်မယ်။ အနီရောင်တပ်သားတွေက လာမယ့်ကြာသပတေးနေ့၊ အန်ဖီးလ်ကွင်းမှာ စပါတာပရာဟာကို ဧည့်ခံကစားရဖို့ရှိပြီး တနင်္ဂနွေနေ့မှာတော့ အိုးထရက်ဖို့ဒ်ကွင်းအတွင်း မန်ချက်စတာယူနိုက်တက်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။