The network connection is lost.

Banner Image

အလီဆင်ရဲ့ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောပြလာတဲ့ ယာဂန်ကလော့ပ်

အလီဆင်ရဲ့ဒဏ်ရာဟာ အတော်လေးဆိုးရွားပြီး ကာလတိုအနားယူရနိုင်တာမျိုး မဟုတ်ပေမယ့် ရာသီမကုန်ခင်မှာ ပြန်ကစားနိုင်လိမ့်မယ်လို့ လီဗာပူးနည်းပြယာဂန်ကလော့ပ်က ထုတ်ဖော်ပြောပြလိုက်ပါတယ်။

မာဆေးဆိုဒ်ကလပ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်အတွက် အလွန်အရေးပါနေတဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ အဝေးကွင်းပွဲစဉ်ကို လွဲချော်ရမယ့် အလီဆင်က အသင်းရဲ့နောက်ဆုံးငါးပွဲဆက်ကို လွဲချော်သူ ဖြစ်လာပါတယ်။

 

ကြွက်သားပြဿနာတစ်ခုနဲ့ရုန်းကန်နေရသူ ဘရာဇီးသားက ကာလအတန်ကြာအနားယူရဖို့ရှိနေတာကြောင့် ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ယာဂန်ကလော့ပ်ရဲ့အသင်းအတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာပါတယ်။

သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ယာဂန်ကလော့ပ်က " အလီဆင်ရဲ့ဒဏ်ရာပြန်လည်သက်သာလာစေဖို့အတွက် ကာလသတ်မှတ်ချက်မျိုး မရှိပါဘူး။ ဒါပေမယ့် မည်ကာမတ္တမဟုတ်တဲ့ ကြွက်သားဒဏ်ရာအမျိုးအစားတစ်ခု​ ဖြစ်ပါတယ်။

 

ကစားသမားတိုင်းကတော့ မတူညီတဲ့ပုံစံမျိုးနဲ့ ပြန်သက်သာလာတက်ပါတယ်။ ဒါ အရမ်းကောင်းပါတယ်။ အလီဆင်ရဲ့ဒဏ်ရာကတော့ ကာလတိုလေးနဲ့ ပြန်သက်သာလာမယ့် ဒဏ်ရာမျိုး မဟုတ်ပါဘူး။

လာမယ့်သီတင်းပတ်ပွဲစဉ်တွေမှာ သူပါဝင်ကစားနိုင်မှာမဟုတ်သလို  ရှေ့ပွဲစဉ်တွေမှာလည်း ပါဝင်ကစားပေးနိုင်ဖို့ မရှိသေးပါဘူး။ အတိအကျပြောရရင်တော့ ကျွန်တော်တို့ သူ့အတွက် သီတင်းပတ်အနည်းငယ်လောက် စောင့်ဆိုင်းပေးဖို့ လိုအပ်ပါတယ်။

 

အလီဆင်က gym မှာ လေ့ကျင့်ခန်းတွေပြန်လုပ်နေပေမယ့် ကွင်းတွင်းမှာတော့ လေ့ကျင့်ခန်းပြန်မဆင်းနိုင်သေးပါဘူး။ မည်ကာမတ္တမဟုတ်တဲ့ ဒဏ်ရာအမျိုးအစားတစ်ခုပါ။ ဒါပေမယ့် ရာသီကုန်အထိ အနားယူရဖို့တော့ မရှိပါဘူး"လို့ ပြောပါတယ်။

 

အခြားတဖက်မှာတော့ ကလော့ပ်က ဒါဝင်နူနက်ဇ်နဲ့ ဆိုဘိုဆလိုင်းတို့ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ယှဉ်ပြိုင်မှုဆီ ပြန်လာခဲ့ပြီလို့ အတည်ပြုပေးခဲ့ပါတယ်။

ဒါပေမယ့် ဒီနေ့ညပိုင်းပွဲစဉ်မှာ မိုဆာလက် ပြန်လည်ပါဝင်လာဖို့ စောနေသေးသလို ရော်ဘတ်ဆန်၊ အန်ဒိုတို့ကိုလည်း စီးတီးဂရောင်းတိုက်ပွဲအတွက် သံသယနဲ့ စောင့်ကြည့်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

အာနိုးလ်၊ ဂရာဗန်ဘတ်ချ်၊ ကာတစ်ဂျုံးစ်နဲ့ ဂျိုတာတို့ကတော့ ဒဏ်ရာကြောင့် ဆက်လက်အနားယူရပါဦးမယ်။