
ဘောလုံးလောကကိုဘာကြောင့် ပြန်မလာတော့တာလဲဆိုတာကို လီဗာပူးနည်းပြဟောင်း ထုတ်ဖော်ပြောကြား
လီဗာပူးနည်းပြဟောင်း ကလော့ပ်က သူ့အနေနဲ့ ဘောလုံးနည်းပြဘဝကို ဘယ်တော့မှပြန်မလာတော့ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကလော့ပ်က သူ့အနေနဲ့ လက်ရှိနေထိုင်မှုပုံစံကို သဘောကျနေပြီး သာမန်ဘဝနဲ့တော်တော်လေးဝေးကွာခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
၂၀၂၄ - ၂၅ ရာသီအကုန်မှာ လီဗာပူးအသင်းနည်းပြဘဝကနေအနားယူခဲ့ပြီး ၉ နှစ်တာအတွင်းမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။ လီဗာပူးကနေထွက်ခွာပြီးနောက် ကလော့ပ်တစ်ယောက် ရက်ဒ်ဘူးလ်အသင်းရဲ့ကမ္ဘာလုံးဆိုင်ရာအမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ အဲ့နောက် အင်တာဗျူးတစ်ခုမှာ သူ့အနေနဲ့ သာမန်ဘဝမျိုးမှာအဆင်ပြေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဘိုင်ယန်အပါအဝင်ထိပ်တန်းအသင်းတော်တော်များများက ချဉ်းကပ်ခဲ့ပေမယ့် နည်းပြလောကကိုပြန်ဝင်ဖို့ စိတ်ကူးမရှိတာဖြစ်ပါတယ်။ ရိုင်ယန်ဟော့ဆန် နဲ့ မော်ရင်ဟိုတို့လိုနည်းပြတွေက နည်းပြအဖြစ် ကာလရှည်ဆက်လက်လုပ်ကိုင်နေပေမယ့် ကလော့ပ်ကတော့ အဆိုပါလမ်းကြောင်းကို သဘောမကျပဲ လက်ရှိနေထိုင်မှုပုံစံမျိုးကိုသာ သဘောကျနေပါတယ်။
“ကျွန်တော် ဥမင်ထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော်မပိုင်ခဲ့ပါဘူး။ အခုတော့ ကျွန်တော့်ကိုယ်ကျွန်တော်ပိုင်ခဲ့ပါပြီ။ ကြားရတာက အနည်းငယ်တော့ ထူးဆန်းနိုင်ပေမယ့် ကျွန်တော်အမြဲတမ်းလုပ်ချင်တာကို ရပ်တန့်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့တာက ကျွန်တော့်ကိုသာမန်ဘဝမျိုးကနေ အဝေးကြီးခေါ်ဆောင်သွားပါတယ်။ ကျွန်တော့်မှာ သာမန်ဘဝမျိုးမရှိတော့ပါဘူး။ ကျွန်တော့်ကားကလည်း ဘောလုံးကွင်းရယ် ၊ လေ့ကျင့်ရေးကွင်းရယ် အိမ်ရယ်ပဲသိပါတော့တယ်။ စိတ်ပျက်စရာကောင်းစွာနဲ့ လီဗာပူးမှာတုန်းက ကျွန်တော့်ဆီကိုလာလည်တဲ့သူများခဲ့ပေမယ့် သူတို့အတွက် အချိန်မရှိခဲ့ပါဘူး။ နောက်ဆုံး ၄ လမှာတော့ ကျွန်တော် မင်္ဂလာဆောင် ၂ ပွဲတက်ရောက်ခဲ့ပါတယ်။
အဲ့မတိုင်ခင် လွန်ခဲ့တဲ့ ၂၃ နှစ်တုန်းကဘာမှမရှိခဲ့ပါဘူး။ ကျွန်တော်နည်းပြဘဝကို ဘယ်တော့မှပြန်မလိုချင်တော့ပါဘူး။ ကျွန်တော့်မှာအခု အလုပ်တွေနဲ့ပြည့်နေပါပြီ။ ကျွန်တော် မနက်ခင်းဆို မအိပ်ရသလို ညဘက်မှာလည်းနောက်ကျတဲ့အထိ အိပ်ယာထဲမရောက်သေးပါဘူး။ ဒါပေမယ့် ကျွန်တော့်အလုပ်ကို ကျွန်တော်စုစည်းနိုင်ခဲ့ပါတယ်။ ကျွန်တော့်မိန်းမဆိုရင် အခုအခြေအနေနဲ့ပတ်သက်ပြီး ပျော်နေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အရင်တုန်းကမရခဲ့တဲ့အစီအစဉ်တွေကို အခုလုပ်ဆောင်နိုင်နေပါပြီ။
မှန်ပါတယ်။ ကျွန်တော်လည်း သဘောကျပါတယ်။ တစ်ချို့နေ့တွေမှာ ကျွန်တော့်ကံကိုမယုံကြည်နိုင်ပါဘူး။ ကျွန်တော်ဘယ်ကနေလာလဲဆိုတာကြည့်လိုက်ပါ။ အဲ့နောက် လီဗာပူးမှာ ကျွန်တော်လုပ်ဆောင်နိုင်ခဲ့သလို အဆင်လည်းပြေခဲ့ပါတယ်။ တကယ်လို့နည်းပြလောကကိုပြန်သွားရင် အစကနေ ပြန်စရမှာဖြစ်ပြီး ကျွန်တော် အဲ့လိုမဖြစ်ချင်တော့ပါဘူး။ သူ(ရိုင်ယန်ဟော့ဆန်) လာပြီး ကျွန်တော့်ကိုဘယ်လိုဖြစ်တာလဲမေးခဲ့ပါတယ်။
တစ်ချိန်တည်းမှာ သူက ကျွန်တော်အဲ့တာကိုလွမ်းတယ်လို့ ပြောခဲ့ပါတယ်။ ရိုင်ယန်က အသက် ၇၇ နှစ်ရှိနေပေမယ့်လည်း နည်းပြနောက်တစ်ကြိမ်လုပ်ချင်နေဆဲပါ။ မယုံကြည်နိုင်စရာပါ။
မော်ရင်ဟိုလည်း ရိုင်ယန်နဲ့အတူတူပါပဲ။ ဒီလိုနည်းပြတွေက သူတို့လုပ်ချင်တာကိုပဲ လုပ်ကြပါတယ်”လို့ ကလော့ပ်က ဖြေကြားခဲ့ပါတယ်။
ကလော့ပ်ကို ကလပ်အသင်းတွေအပြင် နိုင်ငံအသင်းတော်တော်များများကလည်း ချိတ်ဆက်နေကြတယ်လို့ သတင်းတွေကြီးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမန်သားကတော့ နည်းပြလောကကိုပြန်လာဖွယ်မရှိပဲ လက်ရှိအခြေအနေမှာပဲဆက်ရှိနေဖို့များနေပါတယ်။