The network connection is lost.

Banner Image

အာဆင်နယ်ကို ၃ ဂိုးပြတ်အရေးနိမ့်ထားပေမယ့် ပြန်လာနိုင်မယ်လို့ ယုံကြည်ချက်ရှိနေတဲ့ ဘယ်လင်ဟမ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်က အသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ အာဆင်နယ်ကို ၃-၀ နဲ့အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ အိမ်ကွင်းမှာ ပြန်လာနိုင်သေးတယ်လို့ ယုံကြည်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။ ပထမအကျော့မှာ ၃-၀ နဲ့ပြတ်ပြတ်သားသားအနိုင်ရထားတာကြောင့် အာဆင်နယ်ဟာ ဆီမီးဖိုင်နယ်အဆင့်သို့တက်လှမ်းဖို့ သေချာသလောက်ဖြစ်နေပြီး ရီးရဲလ်မက်ဒရစ်အနေနဲ့ ပြိုင်ပွဲကို စောစောစီးစီးလက်ပြနှုတ်ဆက်ရနိုင်တယ်လို့ ယူဆထားကြတာဖြစ်ပါတယ်။ 

သို့သော်လည်း ချန်ပီယံလိဂ်သမိုင်းမှာ ရီးရဲလ်မက်ဒရစ်ဟာ မန်ချက်စတာစီးတီး၊ ဘိုင်ယန်မြူးနစ်နဲ့ အက်သလက်တီကိုတို့လိုအသင်းတွေကို Come Back နဲ့အနိုင်ယူပြီး ပြန်လာထားနိုင်တာကြောင့် နည်းပြအန်ဆယ်လော့တီအနေနဲ့လည်း အသင်းအတွက် မျှော်လင့်ချက်တွေရှိနေဦးမှာဖြစ်ပါတယ်။ အာဆင်နယ်ကိုရှုံးနိမ့်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ဘယ်လင်ဟမ်က “ရိုးရိုးသားသားပြောရမယ်ဆိုရင် တကယ်ခက်ခဲတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ပြိုင်ဘက်ကို ဖိအားမပေးနိုင်ခဲ့ပါဘူး။ ပွဲအစမှာကတည်းက ဒါကို သတိထားမိခဲ့ပါတယ်။ ပြီးတော့ အသင်းရဲ့ဝါရင့်ကစားသမားတွေအတွက်လည်း ခက်ခဲခဲ့တယ်လို့ ပြောပါတယ်”

“ဒါပေမယ့် ကျွန်တော်တို့ ဒုတိယအကျော့အတွက် ယုံကြည်မှုအပြည့်ရှိနေတုန်းပါ။ နည်းပြနဲ့ပြန်တွေ့တဲ့အချိန်မှာ အားလုံးပဲ စိတ်ဓာတ်ခွန်အားရခဲ့ကြပါတယ်။ ဘာနေဗျူးမှာကျင်းပတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေက ဘယ်အသင်းအအတွက်မှ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော်တို့မှာ အခွင့်အရေးရှိနေပါသေးတယ်။ အသင်းရဲ့အရည်အသွေးအပေါ် ယုံကြည်ချက်ရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။