ဟွိုက်လန်းနဲ့အချင်းများခဲ့တာကို ထုတ်ဖော်ပြောကြားလာတဲ့ အာမက်
ပလာဇန်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဟွိုက်လန်းနဲ့အချင်းများခဲ့တာကို တောင်ပံကစားသမား အာမက်က ထုတ်ဖော်ပြောကြားလာပါတယ်။ အာဆင်နယ် နဲ့ နော်တင်ဟမ်တို့ကို ၂ ပွဲဆက်အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ ယူရိုပါလိဂ်မှာ ပလာဇန်ကို ၂-၁ နဲ့အနိုင်ကန်နိုင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲမှာလည်း ယူနိုက်တက်ဟာ နောက်ကနေလိုက်ကစားခဲ့ရပြီး အိုနာနာရဲ့အမှားကနေ ပလာဇန်က ဦးဆောင်ဂိုးရရှိခဲ့ပြီး ဟွိုက်လန်းရဲ့ဂိုးတွေကြောင့်သာ သက်သာရာရခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ပွဲအပြီးမှာ အာမက်တစ်ယောက် ဘောလုံးမပေးတဲ့အခြေအနေကြောင့် ဟွိုက်လန်း နဲ့ ကွင်းအတွင်းမှာ စကားများခဲ့ကြပါတယ်။
အဆိုပါဖြစ်ပွားမှုဟာ ခနသာဖြစ်ခဲ့ပြီး အဆုံးသတ်မှာ အခြေအနေက တည်ငြိမ်ခဲ့တာဖြစ်ပါတယ်။ အာမိုရင်ကလည်း အခုလိုအချင်းများတာက အသင်းအတွင်းမှာ ကောင်းမွန်တဲ့လက္ခဏာလို့ အကောင်းမြင်နေပါတယ်။ “အခုလိုမျိုး အသင်းသားတွေကြား အချင်းများတာက ကောင်းမွန်တဲ့လက္ခဏာပါ။ ပြီးတော့ ကစားသမားတွေကြားထဲမှာ အခုလိုဖြစ်တာက သာမန်ပါပဲ။ ကျွန်တော်ကတော့ အဲ့တာကို အပေါင်းလက္ခဏာဆောင်တယ်လို့ မြင်ပါတယ်”လို့ အာမိုရင်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ အခုလာမယ့်တနင်္ဂနွေနေ့မှာ မန်ချက်စတာဒါဘီအဖြစ် မန်စီးတီးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။