
လုပ်ခလစာတိုက်ပွဲအတွက် ဘင်ဖီကာပြောင်းလာခြင်းမဟုတ်ကြောင်း မော်ရင်ဟို အခိုင်အမာဆို
ဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟိုက သူ့အနေနဲ့ လုပ်ခလစာတိုက်ပွဲအတွက် ပေါ်တူဂီမြေကိုပြောင်းလာခြင်းမဟုတ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ အသက် ၆၂ နှစ်သားဟာ ၂၀၀၀ ခုနှစ် လစ္စဘွန်းအခြေစိုက်အသင်းမှာ နည်းပြဘဝကို စတင်ခဲ့တာဖြစ်ပြီး ပေါ်တို ဒါမှမဟုတ် စပို့တင်းတို့အပေါ် လုပ်ခလစာတိုက်ပွဲနဲ့ပတ်သက်ပြီး ပြန်လာခြင်းမဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။
ပေါ်တို ၊ ချဲလ်ဆီးတို့ကိုကိုင်တွယ်ပြီး ၂၁ နှစ်အကြာ ပြီးခဲ့တဲ့အပတ်တုန်းက မော်ရင်ဟိုတစ်ယောက် ဘင်ဖီကာအသင်းထံပြောင်းလာခဲ့တာဖြစ်ပါတယ်။အဲ့နောက် ချက်ချင်းဆိုသလို သူ့ရဲ့ရာထူးသစ်နဲ့ပတ်သက်ပြီး ကြီးမားတဲ့ဂုဏ်ပြုမှုပြုလုပ်ခဲ့ပါတယ်။ သူ့စကားလုံးတွေကြောင့် ပေါ်တိုအသင်းပရိသတ်ထုအတွက် စိတ်ပျက်စရာဖြစ်လာခဲ့ပါတယ်။
ပေါ်တိုအသင်းပရိသတ်တွေက သူတို့ရဲ့စိတ်ပျက်မှုတွေကိုပြောကြားခဲ့ပြီး လာမယ့်အောက်တိုဘာ ၅ ရက်နေ့မှာ မော်ရင်ဟိုဟာ ဘင်ဖီကာနဲ့အတူ ပေါ်တိုကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပြိုင်ဘက်ဆက်ဆံရေးနဲ့ပတ်သက်ပြီး မော်ရင်ဟိုက “ဘင်ဖီကာကိုပြောင်းပြီးနောက် ကျွန်တော်ပြောခဲ့မယ်ဆိုရင် ပေါ်တို ၊ စပို့တင်းတို့ စိတ်ပျက်မယ်လို့ မထင်ပါဘူး။ ကျွန်တော် ပေါ်တိုအသင်းဥက္ကဌ ဘိုအက်စ် ၊ စပို့တင်းဥက္ကဌ ဗာရန်ဒက်စ်တို့နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ တကယ်လို့ ကျွန်တော်တို့မှာ ဆက်ဆံရေးကောင်းတွေရှိမယ်။
တကယ်လို့ သူငယ်ချင်းကောင်းတွေဖြစ်မယ်ဆိုရင် တစ်ဦးနဲ့တစ်ဦးလေးစားမှုရှိကြမှာပါ။ အချက်အလက်တွေအရ ကျွန်တော် ဒီကိုလာတာက လုပ်ခလစာတိုက်ပွဲကြောင့်လို့ မဆိုလိုပါဘူး။ ဘင်ဖီကာကိုလာလို့ ပေါ်တိုဘက်က စိတ်ပျက်မယ်လို့မထင်ပါဘူး။ ကျွန်တော် ဒီကိုလာတာက နည်းပြတစ်ဦးအနေနဲ့ ရည်မှန်းချက်ကြီးမားတဲ့အသင်းနဲ့အတူ အောင်မြင်မှုယူချင်လို့ပါ။
ဘင်ဖီကာက ကမ္ဘာ့အကြီးမားဆုံးအသင်းတွေထဲတစ်သင်းလို့ ကျွန်တော်ပြောတာက ပေါ်တိုက အဲ့လိုမဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ပေါ်တိုအသင်းက ကြီးမားတဲ့အသင်းဟုတ်လားလို့ တစ်ယောက်ယောက်က မေးလာရင် ကျွန်တော်ဟုတ်တယ်လို့ ဖြေမှာပါ။ ကျွန်တော့်သမိုင်းမှာ ပေါ်တိုက အရမ်းအရေးပါတဲ့အစိတ်အပိုင်းအဖြစ်ရှိနေပါတယ်။ ပေါ်တိုသမိုင်းမှာလည်း အတူတူပါပဲ။ အခုတော့ လာမယ့်ပေါ်တိုနဲ့ပွဲမှာ ကျွန်တော် လက်ခုပ်တီးခံရဖို့ မမျှော်လင့်ပါဘူး။ ကျွန်တော် အဲ့မှာ ချဲလ်ဆီးနဲ့အတူ ကစားဖူးပါတယ်။ ကျွန်တော် လက်ခုပ်အတီးမခံရပါဘူး။ ဘင်ဖီကာနဲ့လည်း အတူတူပဲဖြစ်လောက်ပါတယ်။ ပေါ်တိုက အနိုင်ရချင်သလို ကျွန်တော်လည်း အနိုင်ရချင်ပါတယ်။ ဘာသမိုင်းမှအပိုမရှိပါဘူး”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီမြေကိုစွန့်ခွာခဲ့တာက ဆယ်စုနှစ် ၂ ခုထက်ကျော်နေပြီဖြစ်ကာ အခုတော့ ဘင်ဖီကာနဲ့အတူ အသင်းဟောင်း ပေါ်တိုကိုပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ချဲလ်ဆီး ၊ ရီးရဲလ် ၊ အင်တာ ၊ ယူနိုက်တက် ၊ တော့တင်ဟမ်အပြင် အသင်းတော်တော်များများမှာ ကျင်လည်ခဲ့တာဖြစ်ပါတယ်။
ဘင်ဖီကာအသင်းဟာ လာမယ့်လိဂ်ပွဲစဉ်တွေအတွက် ပြင်ဆင်နေပြီး အောက်တိုဘာ ၅ ရက်နေ့မှာ ပေါ်တိုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။