The network connection is lost.

Banner Image

ပေါ်တိုနဲ့ပွဲမတိုင်ခင် ဗိုင်းရပ်စ်ပြဿနာရင်ဆိုင်နေရတဲ့ ဘင်ဖီကာ

ဘင်ဖီကာအသင်းဟာ ပေါ်တိုအသင်းနဲ့ပွဲမတိုင်ခင် ဗိုင်းရပ်စ်ပြဿနာနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ပေါ်တူဂီကလာတဲ့သတင်းတွေအရ မော်ရင်ဟိုအပါအဝင် နည်းပြအဖွဲ့ဝင်ဟာ ဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့လက္ခဏာရှိနေတယ်လို့ သိရပါတယ်။

ဘင်ဖီကာအသင်းဟာ လာမယ့်ပေါ်တိုနဲ့ပွဲမတိုင်ခင် ကျန်းမာရေးပြဿနာရှိနေတယ်လို့ သိရပါတယ်။ အေဘိုလာရဲ့အဆိုအရ ကစားသမားအများအပြား နဲ့ မော်ရင်ဟိုအပါအဝင် နည်းပြအဖွဲ့ဝင်တော်တော်များများဟာ ချဲလ်ဆီးကို ၁-၀ နဲ့အရေးနိမ့်ပြီးနောက် ဗိုင်းရပ်စ်လက္ခဏာခံစားရနေရတယ်လို့ ဆိုပါတယ်။

မကြာသေးခင်တုန်းက မော်ရင်ဟိုကိုယ်တိုင် ချဲလ်ဆီးနဲ့ချန်ပီယံလိဂ်ပွဲမတိုင်ခင် အဖျားဝေဒနာခံစားနေရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ တိုးတက်မှုတွေဆက်လက်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အတွင်းသတင်းတွေအရ တစ်ဦးချင်းမှာတော့ ခေါင်းကိုက်တာ ၊ ကိုယ်လက်ကိုက်ခဲတာတွေဖြစ်တယ်လို့ သိရပါတယ်။

ပေါ်တိုနဲ့ပွဲက ဘင်ဖီကာအတွက်တင်မဟုတ်ပဲ မော်ရင်ဟိုအတွက်ပါ အရေးပါနေတာဖြစ်ပါတယ်။ စပယ်ရှယ်ဝမ်းအနေနဲ့ ၂၁ နှစ်ကြာပြီးနောက် အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘင်ဖီကာအသင်းဟာ လက်ရှိအမှတ်ပေးဇယားမှာ ပေါ်တိုအသင်းရဲ့နောက် ၄ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေပါတယ်။

မော်ရင်ဟိုကတော့ ဘင်ဖီကာကို စတင်ကိုင်တွယ်ပြီးကတည်းက လိဂ်ပွဲ ၂ ပွဲမှာ ၁ ပွဲနိုင် ၁ ပွဲသရေကန်ထားနိုင်ခဲ့ပါတယ်။ ဆေးအဖွဲ့ဝန်ထမ်းတွေကတော့ အခြေအနေတွေကို စစ်ဆေးနေပြီး ဘယ်သူတွေမပါဝင်နိုင်ဘူးလဲဆိုတာ တရားဝင်တော့ မထုတ်ပြန်ရသေးတာဖြစ်ပါတယ်။
အခုလိုချိန်သားကိုက် ကူးစက်ရောဂါပျံ့လာတာက ဘင်ဖီကာအနေနဲ့ အခုပေါ်တိုနဲ့ပွဲကို အနိုင်ရဖို့ ခက်ခဲနိုင်တာဖြစ်ပါတယ်။