The network connection is lost.

Banner Image

အီတလီမြေမှာ ဘာသာစကားအခက်အခဲရှိနေတယ်လို့ ဝန်ခံလာတဲ့ ခရီမွန်နီးစ်စတား

ခရီမွန်နီးစ်တိုက်စစ်မှူး ဗာဒီတစ်ယောက် အီတလီမြေမှာ ဘာသာစကားအခက်အခဲရှိနေတယ်လို့ ဝန်ခံပြောကြားလာခဲ့ပေမယ့် အခြေခံဘောလုံးဘာသာစကားနဲ့ဆက်သွယ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ လက်စတာမှာ ၁၃ နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် ဗာဒီဟာ စိန်ခေါ်မှုတွေအတွက် ခရီမွန်နီးစ်အသင်းထံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်သားဟာ အီတလီကလပ်မှာ အသင်းဖော်တွေ ၊ နည်းပြတွေနဲ့ ချိတ်ဆက်ဖို့ ပြဿနာရှိနေပေမယ့် ကွင်းထဲမှာ ဆက်လက်လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “ဘာသာစကားပြဿနာအနည်းငယ်ရှိနေတာပါ။ ဒါပေမယ့် ခင်ဗျားအနေနဲ့ဘောလုံးဘာသာစကားနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့စကားပြောချိန်မှာ ဖြစ်နိုင်ချေကိုပြောကြပါတယ်။

အချက်အလက်တွေအများကြီးရှိပေမယ့် ကျွန်တော်မိသားစုနဲ့စကားပြောဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းတာက နည်းပညာကြောင့်ဘာမဆိုလုပ်နိုင်ခဲ့ပါတယ်။ နည်းပြနဲ့စကားပြောချိန် သူ့မျက်လုံးကနေ သူကျွန်တော့်ဆီကနေ ဘာလိုချင်လဲဆိုတာကိုမြင်ခဲ့ရပါတယ်။ ကျွန်တော်အဆင်သင့်ဖြစ်ချင်ပါတယ်။ အဲ့တာက အံ့ဖွယ်ပါ။ ကျွန်တော် အသင်းပိုင်ရှင် အာဗီဒီဆီကနေ နွေးထွေးမှုရခဲ့ပါတယ်။ သူက အင်္ဂလိပ်လိုရေးထားတဲ့ ခရီမိုနာစာအုပ်ဝယ်ပေးခဲ့ပါတယ်။

အင်္ဂလန်မှာပဲ ငယ်စဉ်ကတည်းကနေခဲ့ရတာကြောင့် ကျွန်တော် တနင်္ဂနွေမနက်ခင်းဆိုရင် အီတလီလိဂ်ကိုကြည့်ခွင့်ရပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက ဒဲလ်ပီယာရိုကိုကြည့်ဖြစ်ခဲ့ပါတယ်။ သူဂိုးသွင်းတာကိုကြည့်ရတာ နှစ်သက်ပါတယ်။
ကစားသမားဘဝတစ်လျှောက် လူတွေက ကျွန်တော့်ကိုသံသယရှိကြပါတယ်။ ကျွန်တော်အမြဲတမ်း သူတို့ကိုသက်သေပြရပါတယ်။ ခရီမွန်နီးစ်မှာလည်း အဲ့လိုမျိုးတူညီတဲ့သံသယတွေမြင်ရပါတယ်။

ကျွန်တော် နည်းပြနဲ့စကားပြောချိန်မှာ ကျွန်တော်တို့အားလုံးအသင်းကိုကယ်တင်ချင်ပါတယ်။ ကျွန်တော်တို့ ဒီခန့်မှန်းချက်တွေကို ပြောင်းလဲချင်ပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်တွေက အရမ်းကောင်းပါတယ်။ ကျွန်တော်တိုက်စစ်မှူးတစ်ဦးအနေနဲ့ ဘာလိုအပ်လဲဆိုတာကို မြင်ပါတယ်။ ကျွန်တော်ရုပ်ပိုင်းဆိုင်ရာအကောင်းဆုံးဖြစ်နေတယ်လို့ ခံစားရပါတယ်။ အဲ့တာကိုဆက်လက်တိုးတက်အောင်လုပ်ဆောင်ရပါမယ်။ ကျွန်တော့်အတွက် လူမျိုးကပြဿနာမဟုတ်ပါဘူး။ အသက်အရွယ်ဆိုတာက ကိန်းဂဏန်းတစ်ခုပါပဲ”လို့ ဗာဒီက ပြောကြားခဲ့ပါတယ်။

ဗာဒီဟာ လာမယ့်တနင်္လာနေ့ ဗီရိုနာနဲ့ပွဲမှာ မိနစ်အနည်းငယ်ပါဝင်ခွင့်ရဖို့ မျှော်လင့်နေပြီး သူ့အတွေ့အကြုံတွေနဲ့အတူ အသင်းကိုအကူအညီပေးချင်နေပါတယ်။