The network connection is lost.

Banner Image

ကစားသမားသစ်ဟာ ချဲလ်ဆီးအသင်းနဲ့ပူးပေါင်းခဲ့ပြီလို့ မာရက်စ်ကာ ထုတ်ဖော်ပြောကြား

အပြောင်းအရွှေ့တရားဝင်ကြေညာဖို့ပြင်ဆင်နေချိန်မှာပဲ ကစားသမားသစ် ဂစ်တန်တစ်ယောက် ချဲလ်ဆီးအသင်းနဲ့ပူးပေါင်းနေပြီလို့ မာရက်စ်ကာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ချဲလ်ဆီး နဲ့ ဒေါ့မွန်တို့ကြား ဂစ်တန်အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကာ အသင်းဖော်အသစ်တွေနဲ့ အမေရိကမြေမှာ ချိတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။ ပါးလ်မီးရက်စ်အသင်းကိုအနိုင်ရခဲ့တဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ကွင်းထဲမှာ ဂစ်တန်ကို မြင်တွေ့ခဲ့ရကာ မကြာခင်မှာ တရားဝင်ကြေညာမှာဖြစ်ပါတယ်။

နိုင်ပွဲအပြီး မာရက်စ်ကာက “ဂျင်မီက ဒီနေညဒီနေရာမှာရှိနေခဲ့ပါတယ်။ သူကွင်းထဲမှာရှိနေပါတယ်။ သူဒီကိုရောက်နေတာ ၁ ရက် ၂ ရက်လောက်ရှိနေပါပြီ။ အဲ့နောက် သူအားလပ်ရက်ယူမှာဖြစ်ပြီး ရာသီသစ်မတိုင်ခင် ပြန်လာမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဂစ်တန်ကို ကလပ်ကမ္ဘာ့ဖလားမှာကစားခွင့်ပေးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ကနဦးအခြေအနေအရ မဖြစ်နိုင်သေးတာဖြစ်ပါတယ်။

အဲ့အစား တရားဝင်ကြေညာမှုက လာမယ့်အပတ်ဖလူမီးနီးစ်နဲ့ ဆီမီးဖိုင်နယ်ပွဲမတိုင်မှသာဖြစ်လာဖွယ်ရှိနေပါတယ်။ ချဲလ်ဆီးဟာ အခုနွေရာသီမှာ ဒီလပ် ၊ ဂစ်တန် နဲ့ ပက်ဒရိုတို့ကိုခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ကာ လာမယ့်ရာသီသစ်အတွက် အသင်းလူအင်အားကို သေချာလေးပြင်ဆင်နေတာဖြစ်ပါတယ်။