ချဲလ်ဆီးလူမည်းပရိသတ်လေးနဲ့ စကားပြောနေတဲ့ အန်ဇိုဖာနန်ဒက်ဇ် ဗီဒီယိုကိုတင်ခဲ့တဲ့ ဂျက်ဆင်
ချဲလ်ဆီးအသင်းကွင်းလယ်လူ ဖာနန်ဒက်ဇ်တစ်ယောက် လူမျိုးရေးခွဲခြားမှုပြဿနာနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး နောက်ပိုင်းမှာတော့ အသက် ၂၃ နှစ်သားက သူ့ရဲ့အပြုအမူနဲ့ပတ်သက်လို့ ပြန်လည်တောင်းပန်ခဲ့ပါတယ်။ အခုချိန်မှာလည်း ချဲလ်ဆီးအသင်းဖော် ဂျက်ဆင်က လူမှုမီဒီယာကနေ အန်ဇိုကိုထောက်ခံကြောင်း ပို့စ်တင်ခဲ့ပါတယ်။
ဂျက်ဆင်က ဖာနန်ဒက်ဇ်တစ်ယောက် ချဲလ်ဆီးလူမည်းပရိသတ်လေးနဲ့ စကားပြောဆိုနေတဲ့ဗီဒီယိုကို တင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကလည်း သူတို့အနေနဲ့ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ ကြေညာချကက်ထုတ်ပြန်ခဲ့ပါတယ်။
ဖိုဖာနာကတော့ ဖာနန်ဒက်ဇ်ရဲ့အပြုအမူကို လူသိရှင်ကြားဝေဖန်ခဲ့ပြီး ၂၀၂၄ - ၂၅ ရာသီမတိုင်ခင် ၂ ဦးကြားဆက်ဆံရေးအခြေအနေ ပြန်လည်ကောင်းမွန်နိုင်မယ်လို့ ယူဆရတာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ရာသီကြိုခရီးစဉ်အတွက် လေ့ကျင့်ခန်း အစီအစဉ်စတင်နေပေမယ့် ဖာနန်ဒက်ဇ်က အာဂျင်တီးနားအသင်းနဲ့ ကိုပါဖလားကန်ထားတာကြောင့် လာရောက်မပူးပေါင်းသေးတာဖြစ်ပါတယ်။
ချဲလ်ဆီးကတော့ အသက် ၂၃ နှစ်သားရဲ့နောက်ထပ်ခြေလှမ်းတွေနဲ့ပတ်သက်ပြီး ချိတ်ဆက်မှုတွေပြုလုပ်ဖွယ်ရှိနေပါတယ်။