
လူ့ခ်မန်းကို ခေါ်ယူရန် ကြိုးပမ်းမှု ကို တိုးမြှင့်လုပ်ဆောင်လိုက်တဲ့ အင်တာမီလန်
အသက် ၂၇ နှစ်အရွယ် အာဒမ်မိုလာ လူ့ခ်မန်း ဟာ ဒီနွေရာသီမှာ အတ္တလန္တာ ကနေ ထွက်ခွာဖို့ ဖိအားပေးနေပြီး ပရီးမီးယားလိဂ် နဲ့ ဘာစီလိုနာ တို့ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ Corriere dello Sport ရဲ့ ဖော်ပြချက်အရ သူ့ရဲ့ လက်ရှိကလပ်ဟာ ၎င်းတို့ရဲ့ တောင်းဆိုဈေး ယူရို သန်း ၅၀ အောက် လျှော့ချဆွေးနွေးဖို့ ဆန္ဒမရှိပါဘူး။
လူ့ခ်မန်းဟာ အတ္တလန္တာမှာ စာချုပ်သက်တမ်း နှစ်နှစ် ကျန်ရှိနေသေးပြီး အင်တာကို ပြောင်းရွှေ့ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ နည်းပြသစ် ချီဗူက ဒီပြောင်းရွှေ့မှုကို အပြီးသတ်ဖို့ တွန်းအားပေးနေပြီး အတ္တလန္တာကလည်း သူတို့ရဲ့ နွေရာသီ အပြောင်းအရွှေ့ အစီအစဉ်တွေအတွက် ငွေကြေးရရှိဖို့ လူ့ခ်မန်းကို လက်လွှတ်ဖို့ ဆန္ဒရှိနေပါတယ်။