The network connection is lost.

Banner Image

Youtube ချန်နယ်မှာ အင်တာဗျူးခဲ့တာကြောင့် အသင်းဖော်တွေနဲ့ဝေဖန်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဟွိုက်လန်း

United We Stand မဂ္ဂဇင်းရဲ့အဆိုအရ ယူနိုက်တက်အသင်းဖော်တစ်ချို့ဟာ ယူကျူ့ဘ်ချန်နယ်မှာ အင်တာဗျူးခဲ့တဲ့ ဟွိုက်လန်းကို ဝေဖန်နေကြတယ်လို့ သိရပါတယ်။ ဒိန်းမတ်သားဟာ အဆိုပါအင်တာဗျူးမှာ ယူနိုက်တက်မှာ သူ့ကစားသမားဘဝတိုးတက်လာပုံနဲ့ မန်ချက်စတာမှာ ဖြတ်သန်းနေတဲ့ ဘဝနေထိုင်မှုပုံစံတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဟွိုက်လန်းရဲ့ပြောကြားချက်ထဲမှာ အသင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဟွိုက်လန်းရဲ့ ယူနိုက်တက်အသင်းဖော်တစ်ချို့ကတော့ အင်တာဗျူးနဲ့ ပတ်သက်လို့ ဝေဖန်ခဲ့ပြီး United Stand က အသင်းကို သိက္ခာချတဲ့လုပ်ရပ်ကို ကင်ပွန်းတပ်ခဲ့ပါတယ်။

United Stand ရဲ့အက်ဒမင် ဂိုးလ်ဘရစ်ချ်က တွစ်တာမှာ “အသင်းကို မနာလိုတဲ့သူတွေများနေပါတယ်။ ဒါကြောင့် အင်တာဗျူးကိုတောင် ၂ လလောက် အချိန်ယူခဲ့ရတာပါ။ ကာရင်တန်မှာလေ့ကျင့်ခန်းဆင်းနေတုန်း အသင်းက လူတိုင်း အခုအင်တာဗျူးကို သတိထားမိခဲ့ပါတယ်။ ကျွန်တော်တို့ တမနက်လုံးရှိနေခဲ့ပေမယ့် ဘယ်သူမှလာမတားကြသလို သူတို့တားမယ်ဆိုရင် တားနိုင်ပါတယ်”လို့ ရေးသားတင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲအဖြစ် လီဗာပူးအသင်းနဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။