The network connection is lost.

Banner Image

ချဲလ်ဆီးကိုပြန်လာပြီးနောက် ဘောလုံးကစားရတာလွမ်းတယ်လို့ ဟာဇက်ဖွင့်ဟလာ

ချဲလ်ဆီးကြယ်ပွင့်ကစားသမားဟောင်း အီဒင်ဟာဇက်က စနေနေ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာပြုလုပ်တဲ့ ပရဟိတပွဲစဉ်အတွက် ပြန်လည်ရောက်ရှိလာပြီးနောက် ဘောလုံးကစားရတာကို လွမ်းတယ်လို့ ပြောကြားခဲ့ပါတယ်။ နှစ်နှစ်အကြာ အနားယူခဲ့တဲ့ ဘယ်လ်ဂျီယံကစားသမားဟာ လီဗာပူးဂန္ထဝင်ကစားသမားတွေနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ သူ့ရဲ့ပျောက်ကွယ်နေတဲ့စွမ်းရည်တချို့ကို ပြသခဲ့ပြီး လူစားလဲခံရတဲ့အခါ ပရိသတ်တွေက မတ်တတ်ရပ် လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

ဟာဇက်က"ကျွန်တော်နည်းနည်းပါးပါးတော့ ကစားနိုင်ပါသေးတယ်လို့ထင်ပါတယ်။ ပရိသတ်တွေအားလုံးနဲ့အတူ Bridge ကိုပြန်လာရတာ အမြဲတမ်းကောင်းပါတယ်။ အသက် ၃၄ နှစ်အရွယ်ကစားသမားက "ဘောလုံးကစားရတာကို လွမ်းတယ်၊ ဒီလိုကြီးမားတဲ့ကွင်းမှာဘောလုံးကစားရတာကို လွမ်းတယ်" လို့ဝန်ခံခဲ့ပါတယ်။  

ဒါပေမဲ့ သူက အခုဆိုရင် ချဲလ်ဆီးပရိသတ်ဖြစ်တဲ့ သား ၅ ယောက်နဲ့အတူ ခြံထဲမှာကစားနေပါတယ်လို့ ထပ်ပြောခဲ့ပါတယ်။ ဟာဇက်ဟာ ချဲလ်ဆီးမှာ ၇ နှစ်ကြာ အောင်မြင်မှုတွေရရှိခဲ့ပြီး ဖလားပေါင်းများစွာရရှိခဲ့ကာ ပရိသတ်တွေရဲ့အချစ်တော်တစ်ဦးဖြစ်လာခဲ့ပါတယ်။