The network connection is lost.

Banner Image

အက်စ်တီဗာအိုကို ချဲလ်ဆီးမှာ ဟာဇက်နဲ့ ရော်ဘင်တို့လို အဆင့်အတန်းမျိုးဆီ ရောက်ရှိလာနိုင်သူအဖြစ် ခန့်မှန်းလိုက်တဲ့ ကာဟေးလ်

 

ချဲလ်ဆီးကြယ်ပွင့်ဟောင်းဂယ်ရီကာဟေးလ်က အက်စတီဗာအိုကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနာဂတ်ရဲ့ အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

ဒီနောက်ခံလူက ဘရာဇီးလ်ကြယ်ပွင့်လေးမှာ ဟာဇက်၊ ရော်ဘင်တို့လို ကလပ်အသင်းဂန္တဝင်တွေရဲ့ အဆင့်အတန်းမျိုးဆီ ရောက်ရှိနိုင်တဲ့ စွမ်းဆောင်ရည် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အက်စတီဗာအိုဟာ ပါမီးရက်စ်အသင်းမှာ စတင်ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ဥရောပထိပ်တန်းကလပ်တွေရဲ့ အာရုံစိုက်မှုကို လျှင်လျှင်မြန်မြန် ရရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ချဲလ်ဆီးအသင်းက သူ့ကို ပေါင်သန်း ၅၀ (ဒေါ်လာ ၆၇ သန်း) အထိ ရောက်ရှိလာနိုင်တဲ့ သဘောတူညီမှုတစ်ခုနဲ့အတူ ခေါ်ယူနိုင်ခဲ့ပါတယ်။

ကာဟေးလ်ကတော့ ဒီတောင်ပံကစားသမားရဲ့အရည်အချင်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကြောင့် အနာဂတ်မှာ စောင့်ကြည့်ရမယ့်သူတစ်ဦး ဖြစ်လာစေတယ်လို့ ယုံကြည်နေပါတယ်။

"ကျွန်တော် ဒီရာသီမှာ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းဆီ အကြိမ်အနည်းငယ်ရောက်ခဲ့ဖူးပြီး ပရိသတ်တွေက သူ့အပေါ် တကယ့်ကို အားပေးနှစ်သက်နေကြပါတယ်" လို့ ကာဟေးလ်က GOAL သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

"သူဘောလုံးရရှိတဲ့ချိန်တိုင်း ပရိသတ်တွေကို စိတ်လှုပ်ရှားစွာနဲ့ မတ်တပ်ရပ်အားပေးရအောင် စွမ်းဆောင်နိုင်တဲ့ ကစားသမားမျိုးဖြစ်ပြီး ဒါကပဲ ပရိသတ်တွေ ပိုက်ဆံအကုန်အကျခံလာကြည့်ရတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ ကျွန်တော့်ခေတ်တုန်းကတော့ ဟာဇက်၊ ပတ်ဒရို၊ ဝီလျံတို့ ရှိခဲ့ဖူးပြီး အခြားသူတွေ အများကြီးလည်း ရှိပါသေးတယ်။"

"သူတို့လိုကစားသမားတွေက ခက်ခဲတဲ့အခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့နဲ့ မထင်မှတ်ထားတဲ့ အခိုက်အတန့်တွေကို ဖန်တီးပေးဖို့ ခင်ဗျားတို့ ရှာဖွေရတဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ ခင်ဗျားတို့က ဒီလိုကြီးမားတဲ့ပွဲစဉ်တွေမှာ တစ်စုံတစ်ဦးရဲ့ထူးခြားမှုတွေဖန်တီးပေးဖို့ မျှော်လင့်နေကြတယ် မဟုတ်ဘူးလား။ ထူးခြားတာတွေ ဖန်တီးပေးဖို့ မျှော်လင့်နေကြတာ မဟုတ်လား။ သူက ဒါတွေကို သေချာပေါက် လုပ်ဆောင်ပေးနိုင်ပါတယ်။"

"ပြီးတော့ သူ့ရဲ့အသက်အရွယ်ကိုကြည့်ရင် ရှေ့လျှောက် ဒီထက်မက ပိုကောင်းလာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ချဲလ်ဆီးပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းပါတယ်။ လက်ရှိမှာ သူဒဏ်ရာအနည်းငယ်ရရှိသွားတာ စိတ်မကောင်းစရာ ဖြစ်ပေမဲ့ ဒါကလည်း ဘောလုံးလောကရဲ့သဘာဝပါပဲ။ သူက သေချာပေါက်ထူးချွန်တဲ့ ပါရီရှင်တစ်ဦး ဖြစ်ပါတယ်" လို့ ကာဟေးလ်က ဆိုပါတယ်။