The network connection is lost.

Banner Image

ဘာစီလိုနာနည်းပြအဖြစ် ပထမဆုံးအကြိမ် အမှာစကားပြောကြားလိုက်တဲ့ ဟန်စီဖလစ်

ထုတ်ပယ်ခံလိုက်ရတဲ့ ဇာဗီရဲ့နေရာကို ဘာစီလိုနာနည်းပြသစ်အဖြစ် အစားဝင်ရောက်လာတာက ဟန်စီဖလစ်အတွက် ၂ လနီးပါးရှိဖြစ်ပြီး လက်အရှိအချိန်အထိ သူဟာ တစ်ကြိမ်မှလူသိရှင်ကြား စကားမပြောကြားသေးတာဖြစ်ပါတယ်။

ဖလစ်ဟာ သူ့ရဲ့ပထမဆုံးအင်တာဗျူးကို ဘာစီလိုနာရဲ့ တရားဝင်မီဒီယာချန်နယ်ဖြစ်တဲ့ Barca One သို့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။ သူရဲ့အလုပ်ရှိ ပထမဆုံးရက်သတ္တပတ်က အကြောင်းအရာအနည်းငယ်ကို ပြောကြားခဲ့ပါတယ်။။ သူ့ရဲ့နည်းပြမှုနဲ့ နည်းဗျူဟာစတိုင်အပေါ် ဘာစီလိုနာရဲ့ သက်ရောက်မှုကိုလည်း ဆွေးနွေးခဲ့ပါတယ်။

"ဒီမှာရှိကြတဲ့ လူတွေရဲ့ ဝါသနာ၊ ပရိသတ်တွေ၊ ဥက္ကဌ ဘာစီလိုနာအတွက် အလုပ်လုပ်တဲ့ လူတိုင်းမှာ ဒီစိတ်အားထက်သန်မှု၊ ဒီကလပ်အတွက် အကောင်းဆုံး ပေးဆပ်ဖို့ စိတ်အားထက်သန်မှုကို ကျွန်တော်ခံစားခဲ့ရပြီး ဒါကလည်း အရမ်းကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ဒီကလပ်ရဲ့ အစိတ်အပိုင်းဖြစ်ချင်တယ် ဒီကလပ်ကို နောက်တစ်ဆင့်တက်ဖို့ ကျွန်တော့်တို့မှာရှိတဲ့ အရာအားလုံးကို ပေးဆပ်ချင်တာကြောင့် ဒီစိတ်အားထက်သန်မှုနဲ့အတူ နေထိုင်ချင်ကြပါတယ်။ တတ်နိုင်ပါ့မလား မသိပေမယ့် အစွမ်းကုန် ကြိုးစားသွားမှာပါ"

"ကျွန်တော် နည်းပြလုပ်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့ သူတို့ဟာ အကောင်းဆုံးကစားခဲ့တာကြောင့် ဘာစီလိုနာကို ကြည့်ခဲ့ပါတယ်။ သူတို့ ကစားသမားတွေကို ဘယ်လို ပြုစုပျိုးထောင်ပေးသလဲ လူတိုင်းက ဒီအကြောင်းကို ပြောနေကြတာနဲ့ ဒီမှာ မင်းခံစားရတဲ့ စိတ်အားထက်သန်မှုက မယုံနိုင်စရာပါပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီမှာရှိရတာ ပျော်တယ်။ ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ ပထမဆုံးနေ့ကစပြီး လူတိုင်းက လေးစားမှုပြသကြတယ် တွေ့ကြုံနေရတာကိုက မယုံနိုင်စရာပါပဲ" လို့ နည်းပြက ပြောပါတယ်။

 

ရာသီကြိုလေ့ကျင့်မှု ပထမရက်သတ္တပတ်ကို ဖလစ်က ပြုလုပ်ခဲ့ပါတယ်။ ပထမအသင်းမှာပါဝင်တဲ့ လူငယ်ကစားသမားတွေ ပြသတဲ့အဆင့်အတန်းတစ်ခုကြောင့် အလွန်အံ့အားသင့်မိကြောင်း ဝန်ခံခဲ့ပါတယ်။

"လာမက်ဆီယာကို ကျေးဇူးတင်ပါတယ်။ ပထမဆုံး လေ့ကျင့်ရေးကွင်းမှာ မြင်နေရတာက မယုံနိုင်စရာပါပဲ။ ပုံမှန်အားဖြင့် လက်ရွေးစင်ကစားသမားတွေက အားလပ်ရက်တွေမှာရှိနေပြီး လူငယ်ကစားသမားတွေ အများကြီးရှိတဲ့အခါ အရည်အသွေးက နည်းနည်းတော့ ကျသွားတာပေါ့။ ဒီမှာ အဲ့ဒီလိုမဟုတ်ပါဘူး" လို့ ဖလစ်က ပြောပါတယ်။

ဖလစ်ဟာ ဇာဗီရဲ့ လူငယ်ကစားသမားတွေကို ပထမအသင်းသို့ အမြှင့်တင်ခြင်းရဲ့ အမွေကိုဆက်လက်လုပ်ဆောင်ရန် မျှော်လင့်နိုင်ပါယ်။ ပြီးခဲ့တဲ့ရာသီက ယာမယ်၊ ကူဘာဆီ၊ လိုပတ်ဇ် နှင့် ဟက်တာဖော့ခ်တို့လို လူငယ်လေးတွေက အဆင့်တက်လာခဲ့ပါတယ်။ ၂၀၂၄-၂၅ ရာသီအတွင်း ဘာစီလိုနာအတွက် ဘယ်သူလုပ်ပေးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။