
အနာဂတ်အခြေအနေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ မန်စီးတီးစတား
ဂါလာတာစာရေးအသင်းနဲ့ဆွေးနွေးနေချိန်မှာပဲ မန်စီးတီးစတား ဂန်ဒိုဂန်က သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဂျာမန်သားဟောင်းဟာ ဘာစီလိုနာကနေပြန်လည်ပြောင်းရွှေ့လာခဲ့ပြီးနောက် ခြေစွမ်းအမှန်ပြန်ရနိုင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။ ဂန်ဒိုဂန်ကို ဂါလာတာစာရေးအသင်းက ချိတ်ဆက်နေပြီး လက်ရှိမှာတော့ ကစားသမားက စီးတီးနဲ့ကလပ်ကမ္ဘာ့ဖလားဝင်ကစားနေပါတယ်။
အနာဂတ်နဲ့ပတ်သက်ပြီး ဂန်ဒိုဂန်က သတင်းထောက်တွေကိုပြောကြားရာမှာ “ကျွန်တော့်စာချုပ်သက်တမ်းက ၁ နှစ်ကျော်လောက်ကျန်နေပါသေးတယ်။ ကျွန်တော် ဒီမှာ အရမ်းပျော်နေပါတယ်။ လူတိုင်းအဲ့တာကို သိမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ဘောလုံးကန်တာကို နှစ်သက်သလို ကျွန်တော့်ကိုယ်ကျွန်တော်ဂရုစိုက်မယ်ဆိုရင် နှစ်အတော်ကြာ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်မျိုးပြသနိုင်မယ်လို့ ယုံကြည်နေဆဲပါ။ ပြီးခဲ့တဲ့ရာသီက ၁ ပွဲမှမလွဲချိန် ကျွန်တော် အဲ့တာကို သက်သေပြနိုင်ခဲ့ပါတယ်။ ကျွန်တော် ထိပ်တန်းအဆင့်စွမ်းဆောင်ရည်နဲ့အတူ အချိန်အတော်ကြာကစားချင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ဂန်ဒိုဂန်ဟာ ၂၀၂၄ - ၂၅ ရာသီတုန်းက စီးတီးအတွက် ၅၁ ပွဲပါဝင်ကစားခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အယ်လ်အင်းအသင်းကို ၆ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့ပြီးနောက် စီးတီးဟာ လာမယ့်ကြာသပတေးနေ့ ဂျူဗင်တပ်စ်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲမတိုင်ခင် ၁၆ သင်းအဆင့်အတွက် အန္တရာယ်ကင်းခဲ့ပြီဖြစ်ပါတယ်။