The network connection is lost.

Banner Image

ဒိန်းမတ်ကို သက်သ​ောင့်သက်သာ အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်သွားတဲ့ ဂျာမနီ

ဂျာမနီ ၂-၀ ဒိန်းမတ် (ပွဲပြီးရလဒ်)

ဂျာမနီအသင်းဟာ ပထမပိုင်းတုန်းက ရာသီဥတုအခြေအနေကြောင့် ပွဲစဉ်ရပ်နားခဲ့ရပြီးနောက် ကစားပုံအနည်းငယ်ပျက်သွားခဲ့လို့ ဂိုးရခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် ဒုတိယပိုင်း ကိုင်ဟားဗက်ဇ်ရဲ့ပင်နယ်တီဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပြီးနောက် ယုံကြည်မှုရှိလာကာ မူစီယာလာက ဒုတိယဂိုးကို သွင်းယူပေးခဲ့ကာ ကွာတားဖိုင်နယ်ထံ ပို့ဆောင်ပေးခဲ့ပါတယ်။

ဒိန်းမတ်ကတော့ အကောင်းဆုံးကစားခဲ့ပေမယ့် ဟွိုက်လန်းရဲ့အဆုံးသတ် မသေချာမှုတွေ​ကြောင့် ပေးဆပ်မှုကြီးမားကာ ၁၆သင်းအဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။