The network connection is lost.

Banner Image

အီတလီလက်ရွေးစင်အသင်းရဲ့ဆင့်ခေါ်မှု ကို ငြင်းဆန်ပယ်ချခဲ့တဲ့ ချီယေဆာ

လီဗာပူးတိုက်စစ်မှူးချီယေဆာက အီတလီလက်ရွေးစင်အသင်းရဲ့ဆင့်ခေါ်မှုတစ်ခုကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ယမန်နေ့(တနင်္လာနေ့)မှာ အီတလီနည်းပြဂတ်တူဆိုက ချီယေဆာရဲ့ဆုံးဖြတ်ချက်အကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာပါ။ ဂတ်တူဆိုက “ ချီယေဆာနဲ့ ကျွန်တော် မကြာခဏဆိုသလို စကားပြောပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့တစ်ဦးချင်းစီမှာရှိနေတဲ့ ပြဿနာနဲ့ ဆုံးဖြတ်ချက်ကို လေးစားရပါမယ်။ ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး ဘာတွေပြောသလဲဆိုတာကို ကောင်းကောင်းသိကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကစားသမားတွေရဲ့ပြောစကားကို လေးစားပေးရပါမယ်။ အခုထက်ပိုပြီးတော့လည်း ဘာမှမပြောနိုင်ပါဘူး”လို့ ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ကို ချီယေဆာကိုယ်တိုင် ချမှတ်ခဲ့သလားဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းကို ဂတ်တူဆိုက “ဟုတ်ပါတယ်၊ ကျွန်တော် ဒါကိုရှင်းပြနေရတာ လေး၊ ငါးကြိမ်ရှိပါပြီ”လို့ တုံ့ပြန်ဖြေကြားပါတယ်။ လတ်တလောမှာ ချီယေဆာက ကြံ့ခိုင်မှုပြည့်ဝနေပြီး အခုရာသီ၊ ကြိုးကြာနီတွေအတွက် နှစ်ဂိုးသွင်းယူပေးထားပါတယ်။