The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ခန့်မှန်းလိုက်တဲ့ ဂယ်ရီနဗီးလ်

ပရီးမီးယားလိဂ်အဖွင့်ပွဲအပြီးမှာ ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ထိပ်ဆုံး ၄ သင်းနေရာ နဲ့ ချန်ပီယံဆုအတွက် ခန့်မှန်းလိုက်ပါတယ်။ လီဗာပူးအသင်းဟာ အဖွင့်ပွဲမှာ ဘုန်းမောက်ကို ၄-၂ နဲ့ အနိုင်ရခဲ့သလို စီးတီးလည်း ဝုဗ်ကို ၄-၀ နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် တနင်္ဂနွေနေ့က ပွဲကြီးပွဲကောင်းမှာတော့ အာဆင်နယ်က ယူနိုက်တက်ကို ၁-၀ နဲ့ ကပ်နိုင်ခဲ့ပါတယ်။ အာမိုရင်ရဲ့အသင်းဟာ အာဆင်နယ်နဲ့ပွဲမှာ ခြေစွမ်းကောင်းတစ်ချို့ပြသနိုင်ခဲ့ပြီး အဆိုပါစွမ်းဆောင်ရည်ကြောင့် နဗီးလ်က ဒီရာသီထိပ်ဆုံး ၄ သင်းဝင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ “အဲ့တာက နောက်ပိုင်းပြောင်းလဲမှုပါ။ ဒါပေမယ့် နောက်ကွယ်မှာအနည်းငယ်သိပ္ပံနည်းဆန်တယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော် ချဲလ်ဆီးရဲ့ပထမဆုံးပွဲကို ကြည့်ဖြစ်ခဲ့တာကို မှတ်မိပါတယ်။

အဲ့တုန်းက ချဲလ်ဆီးကို ဘယ်သူမှထိပ်ဆုံး ၄ သင်းနေရာမှာ ရာသီသိမ်းမယ်လို့ မထင်ခဲ့ကြပါဘူး။ သူတို့မဆိုးပါဘူး။ အဲ့တာက ဒီရာသီမှာ ပိုကောင်းလာနိုင်ပါတယ်။ အသင်းကောင်းတစ်သင်းပါ။ အခုလည်း ကျွန်တော် ယူနိုက်တက်ပွဲကို ကြည့်ဖြစ်ခဲ့ပါတယ်။ သူတို့စွမ်းဆောင်ရည်အရမ်းကောင်းလာပါတယ်။ ဂိုးသမားကောင်းတစ်ဦးသာရှိမယ်ဆိုရင် သူတို့ တော်တော်လေးအဆင်ပြေမှာပါ။

ဂိုးသမားကောင်းတစ်ယောက်ရှိမယ်ဆိုရင် ရှေ့တန်းက စိတ်ချလက်ချကစားနိုင်ပါပြီ။ ဥရောပွဲလည်းကန်ဖို့မရှိတာကြောင့် သူတို့လူတွေအံ့အားသင့်စေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ကျွန်တော် သူတို့ကို အဆင့် ၆ ကနေ ၈ အတွင်းမှာပဲ ရပ်တည်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အခြေအနေပြောင်းလဲခဲ့ပါပြီ။

သူတို့မှာ မြင့်မားတဲ့စွမ်းရည်ရှိနေသလို ထိပ်တန်းအသင်း ၃ သင်းနဲ့ရင်ဆိုင်ရာမှာလည်း လွှမ်းမိုးနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ် ကနေ ၇ နှစ်အတွင်းမှာ ယူနိုက်တက်ထိပ်တန်းအသင်း ၃ သင်းကိုအနိုင်ယူခဲ့ရာမှာ တန်ပြန်တိုက်စစ်က အရေးပါခဲ့ပါတယ်။ မနေ့က အရေးနိမ့်ခဲ့ပေမယ့် သူတို့စွမ်းဆောင်ရည်ကို သဘောကျပါတယ်။ ဒီလိုသာဆက်လက်စွမ်းဆောင်နိုင်မယ်ဆိုရင် နိုင်ပွဲတွေအများကြီးရလာမှာပါ”လို့ နဗီးလ်က ဖြေကြားခဲ့ပါတယ်။

ချန်ပီယံဆုနဲ့ပတ်သက်ပြီး နဗီးလ်က လီဗာပူး ၊ စီးတီး နဲ့ အာဆင်နယ်တို့ အားပြိုင်မယ်လို့ ပြောကြားလိုက်ပါတယ်။  “အသင်း ၃ သင်းစလုံးက တူညီတဲ့အခွင့်အရေးရှိနေပါတယ်။ အာဆင်နယ်သေချာပေါက်ဆုဖလားရမယ်လို့ ကျွန်တော် မပြောနိုင်ပါဘူး။ သူတို့ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်။

ဒီရာသီမှာ တစ်ခုခုတော့လုပ်ပြနိုင်မယ်လို့ ကျွန်တော်ခံစားရပါတယ်။ သူတို့က တည်ငြိမ်သလို ၊ ကျစ်လစ်မှုလည်း ရှိပါတယ်။ အဲ့တာက အရေးပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့တိုက်စစ်မှာ ယိုကရက်စ်လိုကစားသမားမျိုးလည်း ခေါ်ယူထားနိုင်ခဲ့ပါတယ်။ အဲ့တာက မှန်ကန်တဲ့ခေါ်ယူမှုပါ”လို့ နဗီးလ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။