The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့နိုင်ဖို့ အလားအလာကောင်းနေတဲ့ ဖူလ်ဟမ်ကွင်းလယ်လူ ပယ်လင်ဟာ

ဖူလ်ဟမ်ကွင်းလယ်ကစားသမား  ပယ်လင်ဟာကို လက်ငင်းပြောင်းရွှေ့ကြေး ပေါင် ၄၂ ဒဿမ ၃သန်းအပြင် အပိုထပ်ဆောင်းဆုကြေး ပေါင် ၄ ဒဿမ ၂ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်ဖို့ ဘိုင်ယန်မြူးနစ်တို့ အတော်လေးနီးစပ်နေပါပြီ။ အသက်-၂၈ နှစ်အရွယ်ကစားသမားက ၂၀၂၃ ခုနှစ်နွေရာသီမှာလည်း ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိဖို့ အတော်လေးနီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ညှိနှိုင်းမှုတွေ ပျက်ပြားသွားလို့ တရားဝင်မပြောင်းရွှေ့နိုင်ခဲ့ပါဘူး။

 ပယ်လင်ဟာအတွက် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်ဆီ ပြောင်းရွှေ့နိုင်မယ့် အခွင့်အလမ်းကို နည်းပြမာကိုဆေးလ်ဗားက ပယ်ချခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အခုသဘောတူညီမှုရရှိခဲ့တာပါ။ ဒီသဘောတူညီမှုက ဖူလ်ဟမ်အတွက် အသင်းသမိုင်းတလျှောက်တန်ကြေးအမြင့်အဆုံး ကစားသမား ရောင်းချမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။

လက်ရှိမှာ ပယ်လင်ဟာက ယူရို-၂၀၂၄ ပြိုင်ပွဲဝင် ပေါ်တူဂီအသင်းနဲ့ ပူးပေါင်းနေပါတယ်။ ပေါ်တူဂီအသင်းက ယူရို-၂၀၂၄ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် ပြင်သစ်အသင်းနဲ့ ရင်ဆိုင်ကစားရပါမယ်။ ၂၀၂၂ ခုနှစ်၊ စပို့တင်းလစ္စဘွန်းမှ ဖူလ်ဟမ်ဆီ ပေါင် ၁၇ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာတဲ့ ပယ်လင်ဟာက ကရာဗန်ကော့တေ့ချ်အဖွင့်ဘောလုံးရာသီမှာပဲ ကလပ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူက အနောက်လန်ဒန်ကလပ်အသင်းအတွက် နှစ်ရာသီအတွင်း ၇၉ ပွဲ ပါဝင်ကစားပေးကာ ရှစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။