The network connection is lost.

Banner Image

တောင်ပံကစားသမားအတွက် ရိုးမားအသင်းရဲ့ကမ်းလှမ်းမှုကို ယူနိုက်တက် ပယ်ချ

သတင်းတွေအရ ယူနိုက်တက်အသင်းဟာ တောင်ပံကစားသမား ဆန်ချိုအတွက် ရိုးမားအသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ ရိုးမားအသင်းဟာ ဆန်ချိုကို ကနဦးအငှား + ပေါင်သန်း ၂၀ အပြီးသတ်ဝယ်ယူခွင့်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။ များပြားလှတဲ့သတင်းတွေအရ ဆန်ချိုအတွက် ရိုးမားအသင်းရဲ့ကမ်းလှမ်းမှုကို ယူနိုက်တက်ဘက်က ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၂၅ နှစ်သားကိုယ်တိုင်က သူ့အနေနဲ့ ဘက်ဆစ်တက်ခ်အသင်းထံပြောင်းရွှေ့မှာမဟုတ်ဘူးလို့ပြောကြားထားပြီးဖြစ်ပါတယ်။ အဆိုပါအခြေအနေကြောင့် ယူနိုက်တက်အနေနဲ့ ဆန်ချိုကိုရောင်းချဖို့ ခက်ခဲနေကာ စိတ်ပျက်နေပါတယ်။ ဆန်ချို နဲ့ ယူနိုက်တက်တို့ကြား စာချုပ်သက်တမ်းက လာမယ့်နွေရာသီမတိုင်ခင်အထိ ရှိနေတာဖြစ်ပြီး လုပ်ခလစာကြောင့် အသင်းတွေက ခေါ်ယူဖို့ လက်တွန့်နေပါတယ်။

အင်္ဂလန်သားကိုယ်တိုင်က သူ့အတွက်အဆင်ပြေမယ့်အသင်းမျိုးကိုသာ ပြောင်းရွှေ့ချင်နေပါတယ်။ ရိုးမားနည်းပြ ဂတ်စ်ပါရီနီက ဆန်ချိုကို သီးသန့်စည်းရုံးနေသလို အားကစားဒါရိုက်တာ မက်စ်ဆာရာကလည်း ကစားသမားရဲ့ကိုယ်စားလှယ်နဲ့ ကော်မရှင် ၊ လုပ်ခတွေကို ဆွေးနွေးနေပါတယ်။ ဒါပေမယ့် ကစားသမားဘက်ကဆွေးနွေးမှု ကို အဆုံးသတ်ခဲ့တယ်လို့ သိရပါတယ်။ ရိုးမားကော ဘက်ဆစ်တက်ခ်ကော အဆင်မပြေတာကြောင့် ဆန်ချိုအနာဂတ်က မသေချာမှုတွေရှိလာပါတယ်။

ဂျူဗင်တပ်စ် ၊ ဒေါ့မွန် နဲ့ တီကိုတို့က ဆန်ချိုအခြေအနေကို ဆက်လက်စောင့်ကြည့်နေပေမယ့် ကစားသမားက အသင်းမပြောင်းခင် အချိန်ယူစဉ်းစားနေတာဖြစ်ပါတယ်။