နော်တင်ဟမ်ဟာ လီဗာပူးကိုအနိုင်ရခဲ့ရင် ချန်ပီယံဆုစိန်ခေါ်နိုင်မယ့်အသင်းဖြစ်လာနိုင်တယ်လို့ ကာရေဂါ ယုံကြည်နေ
လီဗာပူးအသင်းနောက်ခံလူဟောင်း ကာရေဂါက နော်တင်ဟမ်ဖောရက်စ်အနေနဲ့ လီဗာပူးကိုအနိုင်ကန်နိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဆုစိန်ခေါ်နိုင်မယ့်အသင်းဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာအနိုင်ရပြီးကတည်းက နော်တင်ဟမ်ဟာ လိဂ်ပွဲ ၆ ပွဲဆက်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဝုဗ်နဲ့ပွဲမှာလည်း နော်တင်ဟမ်ဟာ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် နော်တင်ဟမ်ဟာ ရမှတ် ၄၀ နဲ့ အာဆင်နယ်အသင်းကို လိုက်မီလာခဲ့ပါတယ်။ လာမယ့်ဇန်နဝါရီ ၁၄ ရက်နေ့မှာ လီဗာပူးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ကာရေဂါက တကယ်လို့ နူနိုဆန်တိုရဲ့အသင်းဟာ လီဗာပူးကိုသာအနိုင်ရခဲ့ရင် ချန်ပီယံဆုစိန်ခေါ်နိုင်မယ့်အသင်းဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။
“တကယ်လို့ နော်တင်ဟမ်အနေနဲ့ လီဗာပူးကိုသာအနိုင်ယူနိုင်ခဲ့မယ်ဆိုရင် သူတို့ကချန်ပီယံဆုစိန်ခေါ်နိုင်မယ့်အသင်းမှာ ပါဝင်လာနိုင်ပါတယ်။ အခုတော့ သူတို့အနေအထားက ချန်ပီယံလိဂ်ဝင်ခွင့်မှာပဲရှိနေပါသေးတယ်”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းနဲ့ပွဲမတိုင်ခင် နော်တင်ဟမ်ဟာ အက်ဖ်အေဖလားမှာ လူတန်တောင်းအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။