
အရေးပေါ်ဝမ်းဗိုက်ခွဲစိတ်မှုအပြီး ကိုမာဝင်သွားတဲ့ နော်တင်ဟမ်ဖောရက်စ်တိုက်စစ်မှူး အဝိုနီယီ
အရေးပေါ်ဝမ်းဗိုက်ခွဲစိတ်ကုသမှုတစ်ခုအပြီး အမြန်ဆုံးပြန်သက်သာလာစေဖို့အတွက် နော်တင်ဟမ်တိုက်စစ်မှူးအဝိုနီယီကို ကိုမာဆေးသွင်းကာ မေ့မြောနေစေခဲ့တယ်လို့ PA News Agency ရဲ့ သတင်းတစ်ရပ်အရ သိရပါတယ်။ နိုက်ဂျီးရီးယားလက်ရွေးစင်က လက်စတာနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျတဲ့ တနင်္ဂနွေနေ့ပွဲစဉ်အတွင်း ပြင်းထန်ဒဏ်ရာတစ်ခု ရရှိပြီးနောက် တနင်္လာညပိုင်းမှာပဲ ခွဲစိတ်ကုသမှုတစ်ခု ခံယူခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ်ကစားသမားအတွက် အသက်အန္တရာယ်ရှိတယ်ဆိုတဲ့ ဆွေးနွေးမှုတွေ မရှိထားပေမယ့် ကိုမာကြောင့် သတိမေ့မျောနေခြင်းက သူ့ရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်ထားဖို့နဲ့ နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်လာအောင် လုပ်ဆောင်ပေးဖို့ အကူအညီဖြစ်စေလိမ့်မယ်လို့ သိရပါတယ်။
လက်စတာနဲ့ပွဲစဉ်အတွင်း အဝိုနီယီက ဂိုးတိုင်နဲ့ မတော်တဆထိခိုက်မိပြီးနောက် ပွဲစဉ်ဆက်ကစားနိုင်ဖို့ မိနစ်ပေါင်းများစွာ ဆေးကုသမှုခံယူခဲ့ပါတယ်။သူ့ရဲ့ဒဏ်ရာအတိမ်အနက်နဲ့ပတ်သက်လို့ ကလပ်အသင်းဆေးအဖွဲ့က တနင်္လာနေ့မှာ ထုတ်ပြန်လာခဲ့ပြီး ကစားသမားကိုကုသပေးရန်အလို့ငှာ ဆေးရုံဆီ အမြန်ပို့ဆောင်ပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ အင်္ဂါနေ့နေ့လည်ပိုင်းမှာတော့ အဝိုနီယီ ပြန်ကျန်းမာလာပါပြီလို့ နော်တင်ဟမ်ဖောရက်စ်အသင်းမှ ထုတ်ပြန်ခဲ့ပါတယ်။