ဂိုးတွေခွင့်ပြုနေရပေမယ့် ဘာစီလိုနာရဲ့ ခံစစ်ကစားပုံကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ဟန်စီဖလစ်ခ်ဆို
ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ်က ဘရုဂျက်နဲ့ သုံးဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စိတ်ပျက်ဖွယ်ရလဒ်ရရှိခဲ့ပေမယ့် ကစားဟန်ကို ပြောင်းလဲမှာမဟုတ်ဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီပွဲမှာ ခံစစ်ပိုင်း အားနည်းချက်တွေ ရှိခဲ့ပေမယ့် ဖလစ်ခ်က အသင်းရဲ့ high line defensive ကို မပြောင်းလဲဘဲ ပြဿနာတွေကို ဖြေရှင်းဖို့ ဆုံးဖြတ်ထားပါတယ်။ ဖလစ်ခ်က ဒီပြဿနာတွေဟာ နောက်ခံလူတွေနဲ့တင် မဟုတ်ဘဲ ကွင်းလယ်ကစားသမားတွေနဲ့လည်း သက်ဆိုင်တယ်လို့ ပြောပါတယ်။
ဖလစ်ခ်"နောက်တန်းခံစစ်အကြောင်းတင် မဟုတ်ဘူး၊ ကွင်းလယ်ခံစစ်အကြောင်းပါ။ အသင်းက မြန်နှုန်းမြင့် ကလပ်ဘရုဂ်ဂ်ျ ကစားသမားတွေနဲ့ အကြိတ်အနယ် ကစားရာမှာ အရှုံးများခဲ့တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။ "တကယ်တော့ ကျွန်တော်တို့ ဘောလုံးကို ဖိအားပေးနိုင်ခြင်း မရှိခဲ့ဘူး။ ကျွန်တော်တို့ အကြိတ်အနယ် ကစားရာမှာ အရှုံးများခဲ့ပြီး အများစုက ကွင်းလယ်မှာပါ။ အဲဒါက မြန်နှုန်းမြင့် ကစားသမားတွေနဲ့ ပတ်သက်ပြီး အရေးကြီးခဲ့ပါတယ်" လို့ ထောက်ပြခဲ့ပါတယ်။
ဆက်လက်ပြီး ဖလစ်ခ်က အသင်းရဲ့ခံစစ်ပြဿနာတွေအတွက် ခံစစ်ပိတ်ပြီး ကစားတဲ့ပုံစံကို ပြောင်းလဲပြီး ဖြေရှင်းမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ဖလစ်ခ်က "ကျွန်တော်တို့ ခံစစ်ပိတ်ကစားလို့ရတယ် ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ဆက်ထိန်းထားပြီး ပိုကောင်းလာအောင် လုပ်ဆောင်နိုင်ပါတယ်။ ပြင်းပြင်းထန်ထန် ကစားခြင်းမရှိရင် ချန်ပီယံလိဂ်မှာ ရွေးစရာမရှိပါဘူး။ “၃-၃ ရလဒ်က ကျွန်တော်တို့အတွက် အကောင်းဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပွဲရဲ့အပြုသဘောဆောင်တဲ့အချက်က သူတို့ ၃ ကြိမ်တိုင် ဦးဆောင်သွားပြီးတဲ့နောက် ကျွန်တော်တို့က ပြန်လာနိုင်ခဲ့တာပါ။ ဒါပေမယ့် ဒီအကြောင်းကို ဆွေးနွေးရမှာတော့ သေချာပါတယ်”" လို့ ဆိုပါတယ်။