
The network connection is lost.

ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်နိုင်ငံတို့က အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပမယ့် ဘောလုံးကွင်း ၁၆ ကွင်းအမည်စာရင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ တရားဝင်ထုတ်ပြန် ကြေညာလိုက်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက ပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ပူးတွဲအိမ်ရှင် နိုင်ငံသုံးခုမှာ ကျင်းပသွားမှာဖြစ်သလို ပြိုင်ပွဲဝင်အသင်း အရေအတွက်ကိုလည်း ၃၂ သင်းမှ ၄၈ သင်းအထိ တိုးမြှင့်ထားပါတယ်။ ကနေဒါနိုင်ငံမှာကျင်းပမယ့် ပွဲစဉ်တွေကို တိုရွန်တို၊ ဗန်ကူးဗားမြို့တွေမှာ ယှဉ်ပြိုင်ကစားစေပြီး မက္ကဆီကိုနိုင်ငံလက်ခံကျင်းပမယ့် ပွဲစဉ်တွေကိုတော့ မက္ကဆီကိုစီးတီး၊ ဂွါဒါလာဂျာရာနဲ့ မွန်တာရေးမြို့တို့ရှိ ဘောလုံးကွင်းတွေမှာ ယှဉ်ပြိုင်ကစားရပါမယ်။
အမေရိကန်ကတော့ နိုင်ငံတလွှားရှိ မြို့ကြီး ၁၁ ခုမှာ ကမ္ဘာ့အခမ်းနားဆုံး ဘောလုံးပွဲတော်ကြီးကို လက်ခံကျင်းပသွားပါမယ်။ ဒီမြို့တွေကတော့ ဆီယက်တဲလ်၊ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျယ်လိစ်၊ ကန်းဆက်၊ ဒဲလက်စ်၊ အတ္တလန္တာ၊ ဟူစတန်၊ ဘော်စတွန်၊ ဖီလာဒဲလ်ဖီးယား၊ မီယာမီနဲ့ နယူးယောက်(သို့မဟုတ်)နယူးဂျာစီတို့ ဖြစ်ပါတယ်။