
ဟွိုက်လန်းအား ဝေဖန်လိုက်တဲ့ ဖာဒီနန်
ဖူလ်ဟမ်အား အနိုင်ရရှိခဲ့တဲ့ပွဲက ခြေစွမ်းနှင့်ပတ်သက်ပြီး တိုက်စစ်မှူး ဟွိုက်လန်းကို ဖာဒီနန်က ချီးကျူးလိုက်ပါတယ်။ ဟွိုက်လန်းရဲ့ခြေစွမ်းကျဆင်းမှုက ၂၀၂၄-၂၅ ရာသီမှာအထိဆက်တိုက်ဖြစ်နေပြီး တနင်္ဂနွေနေ့ ဖူလ်ဟမ်နှင့် ကစားခဲ့တဲ့ပွဲမှာ ဒိန်းမတ်တိုက်စစ်မှူးက ဂိုးသွင်နိုင်ခြင်းမရှိခဲ့ကာ ဂိုးမိုးခေါင်နေတာက ၈ ပွဲအထိ ရှိပြီဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ အမ်မိုရင်ရဲ့ ပွဲထွက်စာရင်းမှာ ပါဝင်ခဲ့သော်လည်း မိနစ် ၆၀ လောက်သာ ကစားခဲ့ရပြီး ဇက်ဇီနှင့် လူစားလဲခြင်းခံခဲ့ရတာဖြစ်ပါတယ်။
TNT Sports တွင် အစီစဉ်တင်ဆက်သူ ဟစ်ဂရေ့ဗ်က ဖာဒီနန်အား ဟွိုက်လန်းဟာ ပထမပိုင်းမှာ ၁၀ ကြိမ်လောက် ဖြုန်းတီးခဲ့ပါတယ်လို့ပြောလိုက်တော့ ယူနိုက်တက် ကစားသမားဟောင်းက "ဟုတ်ပါတယ်။ ပထမပိုင်းပြီးလို့ အဝတ်လဲခန်းထဲရောက်တဲ့အခါ သူအပြောမခံရဘူးဆိုရင် ကျွန်တော် အံ့ဩမိမှာပါ"
"သူက ဘောလုံးကိုင်ကစားရမှာဖြစ်ပြီး ဒီလိုလုပ်ဖို့အတွက် ကျွန်တော်တို့အသင်းအတွက် ပလက်ဖောင်းတစ်ခုလည်းဖြစ်ကာ မကြာခဏဆိုသလို သူက ဘောလုံးပျက်နေတာပါ။ မြန်မြန်ဆန်ဆန် သူက မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်ပြောခဲ့သလိုပါပဲ အသင်းဖော်တွေက သူ့ကိုဝိုင်းမပြောကြဘူးဆိုရင် အံ့ဩမိမှာပါ။ သူ့ရဲ့ pace ကို ပိုသုံးသင့်ပါတယ်။ သူက ပေါ့ဆပြီး ဘောလုံးပိုင်ဆိုင်မှုယူပြီး ကစားရမှာလည်း ဆုံးရှုံးခဲ့ပါတယ်" လို့ ပြောပါတယ်။
ယူနိုက်တက်နောက်တန်းကစားသမားဟောင်းက "အသင်းရဲ့နံပါတ် ၉ ကစားသမားက ဘောလုံးကို ကိုင်ပြီး မကစားနိုင်တဲ့အခါ အသင်းက ပြိုင်ဘက်ရဲ့ဂိုးဧရိယာအတွင်းမှာ ပိုကောင်းတဲ့ အရာကိုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ယူနိုက်တက်ရဲ့ ဘောလုံးပေးပို့မှုက ဗဟိုခံစစ်မှူး ၃ ဦးရဲ့ခြေထဲမှာသာရှိနေပြီး ဒီလိုဆိုရင် ဘယ်လိုမှ ဖိအားပေးနိုင်မှာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။
ဟွိုက်လန်းရဲ့ခြေစွမ်းနှင့်ပတ်သက်ပြီး အမ်မိုရင်က "သူက တကယ်ကိုခက်ခက်ခဲခဲလိုချင်နေတာပါ။ တစ်ခါတစ်လေ ဆက်သွယ်မှုအတွက် လေ့ကျင့်ရေးဆိုတာမရှိပါဘူး။ အနားမှာရှိရမယ့်အချိန်ဆိုရင် ဝေးသွားလိုက် ပြေးသွားလိုက်ဖြစ်နေပါတယ်။ ဆက်သွယ်မှုလုပ်ဖို့ ကျွန်တော်တို့မှာ အချိန်မရှိနေပါဘူး။ ဒီလိုအရာတွေကိုလည်း မလေ့ကျင့်ပါဘူး။ ဒီလိုအရာတွေကို ပြောဆိုမှုသာလုပ်ပြီး သူ့အနေနဲ့ တိုးတက်လာမှာပါ" လို့ ပြောပါတယ်။ ယူနိုက်တက်ဟာ ကြာသတေးနေ့တွင် FCSB အား အနိုင်ရရှိကာ ယူရိုပါလိဂ်ရဲ့ ထိပ်ဆုံး ၈ သင်းအတွင်းမှာ ပါဝင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။