The network connection is lost.

Banner Image

ဥရောပအသင်းကြီး တစ်သင်းက စိတ်ဝင်စားလာချိန်မှာ လီဗာပူးကနေ ထွက်ခွာဖို့သတင်းကြီးလာတဲ့ အာနိုးလ်

သတင်းတွေအရ ရီးရဲလ်အသင်းဟာ လီဗာပူးနောက်ခံလူ အာနိုးလ်ကို စိတ်ဝင်စားလာပြီး ကစားသမားကလည်း အန်ဖီးလ်ကနေ ရုတ်တရက်ထွက်ခွာဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်သားဟာ လီဗာပူးအသင်းမှာပဲ ကစားသမားဘဝကို   ကုန်ဆုံးခဲ့တာဖြစ်ပေမယ့် စာချုပ်သက်တမ်းက လာမယ့်နှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ အသင်းနဲ့သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။ အဆိုပါအခြေအနေမှာ ရီးရဲလ်အသင်းက စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး ကစားသမားကလည်း ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။

ဂျာမန်သတင်းဌာန BILD ကလည်း ရီးရဲလ်အသင်းဟာ အင်္ဂလန်သားကို စိတ်ဝင်စားပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းက သတင်းတွေအရ ရီးရဲလ်အသင်းဟာ အာနိုးလ်နဲ့အဆက်အသွယ်ရှိခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဘက်ကတော့ သူတို့အကယ်ဒမီထွက်ကစားသမားကို ဆက်ထိန်းထားဖို့ ပြင်ဆင်နေသလို နည်းပြသစ် စလော့တ်ကလည်း အသင်းမှာ  ဆက်ထိန်းထားချင်နေပါတယ်။ အာနိုးလ်ရဲ့စာချုပ်သက်တမ်းအရ လီဗာပူးအနေနဲ့ အလျင်အမြန်သက်တမ်းမတိုးနိုင်ခဲ့ရင် အလွတ်နဲ့လက်လွှတ်ရဖို့များနေပါတယ်။

အင်္ဂလန်သားဟာ လီဗာပူးအတွက် ပွဲပေါင်း ၃၁၀ ပါဝင်ကစားထားကာ ပြိုင်ပွဲစုံ ၁၉ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းနဲ့အတူ ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ် ၊ အက်ဖ်အေနဲ့ ကာရာဘောင်ဖလား ၂ ကြိမ်တို့ရယူနိုင်ခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း လီဗာပူးအသင်းကနေ ဗန်ဒိုက်တစ်ယောက် ထွက်ခွာနိုင်တယ်လို့ သတင်းတွေကြီးနေပါတယ်။ နယ်သာလန်အသင်းယူရို ၂၀၂၄ ကနေ ထွက်ခွာခဲ့ရပြီးနောက် ဗန်ဒိုက်က အနာဂတ်နဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။