The network connection is lost.

Banner Image

အပြောင်းအရွှေ့တွင် အာမိုရင် အမှားကြီးတစ်ခုလုပ်မိမှာကို စိုးရိမ်နေတဲ့ ဖာဒီနန်

ယူနိုက်တက် ဂန္တဝင် ဖာဒီနန်ကတော့ အပြောင်းအရွှေ့တွင် အာမိုရင်က ကြီးမားတဲ့ အမှားတစ်ခုလုပ်မိပြီး ဂါနာချိုကို ရောင်းချနိုင်တာကို စိုးရိမ်နေပါတယ်။အသက် ၂၀ အရွယ် ဂါနာချိုဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး နှင့် အီတလီအသင်းကြီး နာပိုလီ တို့ထံ မထင်မှတ်ထားတဲ့ ပြောင်းရွှေ့မှုတစ်ခုနှင့် ဆက်စပ်နေပြီး ဇန်နဝါရီလ အပြောင်းအရွှေ့ကာလကလည်း ပြီးဆုံးဖို့ ၆ ရက်သာ ကျန်တော့တာဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ် အကြီးအကဲတွေဟာ အသင်းရှိကစားသမားတွေအတွက် ကမ်းလှမ်းချက်များကို နားထောင်ရန် စိတ်ဝင်စားကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ဂါနာချိုရဲ့ ထွက်ခွာမှုအစီအစဉ်များကို စဉ်းစားလာကြပါတယ်။

စပိန်တွင်မွေးဖွားတဲ့ အာဂျင်တီးနားလက်ရွေစင် ဂါနာချိုဟာ နည်းပြအာမိုရင် လက်အောက်တွင် ဆက်လက်ကစားနေပြီး ယူနိုက်တက်ရဲ့ နောက်ဆုံး ပွဲစဉ် ၅ ပွဲရဲ့ ၄ ပွဲတွင် စတင်ပွဲထွက်ခွင့်ရခဲ့ပါတယ်။ သို့သော်လည်း အပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံးနေ့ (ဖေဖော်ဝါရီ ၃၊ တနင်္လာနေ့) နီးလာသည်နှင့်အမျှ ဂါနာချိုရဲ့ အနာဂတ်ဟာ မရေရာဖြစ်နေဆဲဖြစ်နေပြီး ဖာဒီနန်ကတော့ အသင်းဟောင်းဟာ လူငယ်ကစားသမားရဲ့ မြန်ဆန်မှုနှင့် ဖန်တီးနိုင်မှုမရှိဘဲ မည်သို့ရပ်တည်နိုင်မည်ကို စိုးရိမ်နေကာ အမ်မိုရင်အား ဂါနာချိုကို ဆက်ထားရန် တောင်းဆိုလိုက်ပါတယ်။

ဖူလ်ဟမ်အား ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ တနင်္ဂနွေပွဲစဉ်အပြီးတွင် ဂါနာချို ထွက်ခွာနိုင်တဲ့အပေါ် အံ့အားသင့်မိသလားလို့ မေးမြန်းခံရသောအခါ ဖာဒီနန် က TNT Sports သို့ "ကျွန်တော် အံ့အားသင့်မိပါတယ်။ ဒီအသင်းထဲမှာ ဘယ်ကနေ စိတ်လှုပ်ရှားစရာတွေ ရနိုင်မှာလဲ။ သူဟာ အာမိုရင်ရဲ့ ပုံစံနဲ့ မကိုက်ညီတဲ့ ကစားသမားတစ်ယောက်ဖြစ်နိုင်ပါတယ်"

"ဂါနာချိုက တောင်ပံကစားသမားတစ်ဦး ဖြစ်ပေမယ့် သူဟာ အသင်းအတွက် သေချာပေါက် သက်ရောက်မှုရှိတဲ့သူပါ။ သူကစားတဲ့နေရာတိုင်းမှာ သက်ရောက်မှုရှိပြီး တစ်ခုခုကို ဖန်တီးနိုင်ပါတယ်။ ဒီလူငယ်ကစားသမားဟာ အကယ်ဒမီမှ ထွက်လာသူဖြစ်ပြီး အသင်းအတွက် သက်ရောက်မှုရှိအောင် လုပ်တတ်ပါတယ်။ ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် အသင်းတွေဟာ ကိုယ်တိုင်မွေးထုတ်တဲ့ ကစားသမားတွေကို ရောင်းဖို့ အားပေးနေရပါတယ် ဒါဟာ မဖြစ်သင့်ပါဘူး"  

"ဖန်တီးနိုင်မှုအရ ယူနိုက်တက်ဟာ တိုးတက်ဖို့လိုနေပါတယ်။ အာမိုရင်ဟာ တိုက်စစ်အားကောင်းတဲ့သူတွေကို ပိုပြီးအသုံးချနိုင်ဖို့ နည်းလမ်းရှာဖို့လိုပါတယ်" လို့ ပြောပါတယ်။ အာမိုရင်ဟာ ဂါနာချိုရဲ့ ထွက်ခွာမှုအကြောင်းကို မပြောလိုတာကို ပြသနေပြီး ရိန်းဂျားစ်အား ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲအပြီးတွင် ကစားသမားရဲ့အနာဂတ်ကို မေးမြန်းခြင်းခံရသောအခါ  
"ကျွန်တော်က ပွဲစဉ်တွေကို အာရုံစိုက်နေပြီး သူကလည်း ယူနိုက်တက် အတွက် ကစားနေပါတယ်။ ဒီနေ့ပွဲမှာ သူဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် နောက်ရက်တွေမှာ ကြည့်ရအောင်ပါ" လို့ ပြောပါတယ်။

ပွဲစဉ်အတွင်း ဂါနာချိုရဲ့ ထူးချွန်တဲ့ ကစားပုံအကြောင်း အမ်မိုရင်က "ကျွန်တော်ထင်တာက သူဟာ ပွဲစဉ်ရဲ့ဘယ်အပိုင်းမှာမဆို တိုးတက်နေပါတယ်။ ဒီနေ့ပွဲမှာ သူဟာ အတွင်းဘက်နဲ့ အပြင်ဘက်ကို ပြောင်းလဲကစားတာမှာ ပိုကောင်းလာပါတယ်။ သူဟာ ဘောလုံးပြန်လည်ရယူရေးနေရာမှာလည်း တိုးတက်နေပြီး မိနစ် ၉၀ အထိ အသင်းအပေါ် အမြဲတမ်း ကူညီနေပါတယ်" လို့ ပြောပါတယ်။

တစ်ခါတစ်လေမှာ သူဟာ စိတ်ပျက်တာတွေ ပြသတတ်တယ်၊ ဘာလို့လဲဆိုတော့ သူက ပိုလိုချင်တယ်။ ကျွန်တော်ထင်တာက သူ့မှာ ပိုကောင်းလာနိုင်တဲ့ အလားအလာရှိတယ်၊ ဒီလိုပွဲစဉ်တွေမှာလည်း ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်ပြောနိုင်တာက သူဟာ ကျွန်တော်လုပ်နေတာကို နားလည်နေပြီ၊ ကျွန်တော်က သူတို့ကို ကူညီဖို့ပဲ ကြိုးစားနေတယ်။ နောက်ဆုံးမှာတော့ သူတို့ကပဲ အလုပ်လုပ်ရမှာပါ။" ဂါနာချိုဟာ ကြာသပတေးနေ့ FCSB နှင့် ယူရိုပါလိဂ် ပွဲစဉ်တွင် ယူနိုက်တက်အတွက် ပါဝင်ကစားရန် ရှိနေပါတယ်။