The network connection is lost.

Banner Image

ချီယေဆာနဲ့ ဂတ်ပိုတို့ရဲ့ ကြံ့ခိုင်မှု ပိုင်းနောက်ဆုံးအခြေအနေကို ထုတ်ပြောလာတဲ့ အန်းစလော့

အန်းစလော့က ချီယေဆာ၊ ဂတ်ပိုတို့ရဲ့ ကြံ့ခိုင်မှု ပိုင်းနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးလုံးက အင်တာမီလန်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် အီတလီနိုင်ငံဆီ ထွက်ခွာသွားတဲ့ ၁၉ ဦးပါ ကစားသမားစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။ တနင်္လာနေ့ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း အန်းစလော့က “ ချီယေဆာ ဖျားနေပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် တော်တော်လေးကို ချိန်သားမကိုက်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်နိုင်တဲ့အရာ ဘာမှမရှိပါဘူး။

ဒါကြောင့် ကျွန်တော်တို့လည်း သူ့ရဲ့အခြေအနေကို စောင့်ကြည့်နေပါတယ်။ ကျွန်တော်အပါအဝင် အသင်းဆေးအဖွဲ့ကိုယ်တိုင် မမျှော်လင့်ထားပေမယ့် သူသာ အံ့သြဖွယ်ကောင်းလောက်အောင် ပြန်လည်သက်သာလာမယ်ဆိုရင် မနက်ဖြန်မှာ သူ ခရီးထွက်ခွာလာကောင်းလာနိုင်ပါတယ်။ ဒါပေမဲ့ မျှမျှတတပြောရမယ်ဆိုရင် ကျွန်တော်တော့ သိပ်မမျှော်လင့်ထားပါဘူး။

ပြီးတော့ ဂတ်ပိုလည်း လိဒ်နဲ့ကစားရတဲ့ ကျွန်တော်တို့ရဲ့နောက်ဆုံးပွဲစဉ်မှာ ကံမကောင်းစွာနဲ့ဘဲ ဒဏ်ရာရရှိခဲ့ပါတယ်။ သူလည်း သီတင်းပတ်အနည်းငယ်လောက် အနားယူရပါလိမ့်မယ်”လို့ ပြောပါတယ်။