The network connection is lost.

Banner Image

ကိုမိုအသင်းမှာပဲ သစ္စာရှိရှိဆက်နေမယ့် နည်းပြ ဖာဘရီဂတ်စ်

သတင်းတွေအရ ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်တစ်ယောက် အလွန်ဆိုနေရာအတွက် လေဗာကူဆင်အသင်းထံပြောင်းရွှေ့မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဖာဘရီဂတ်စ်ဟာ ကိုမိုအသင်းမှာစွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီးနောက် ၂၀၂၃ - ၂၄ ရာသီမှာ အသင်းကို စီးရီးအေတန်းတက်ခွင့်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း ကိုမိုအသင်းကို အမှတ်ပေးဇယားအလယ်အလတ်အဆင့်မှာ ရပ်တည်အောင် စွမ်းဆောင်ပေးနိုင်ဖို့ နီးစပ်နေပါတယ်။ အဆိုပါစွမ်းဆောင်ရည်တွေကြောင့် အာဆင်နယ်စတားဟောင်းကို လေဗာကူဆင်အပါအဝင် ဥရောပထိပ်တန်းအသင်းတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။

စပိန်သားဟာ အလွန်ဆိုနေရာမှာ အစားဝင်ဖို့ငြင်းဆန်ဖွယ်ရှိနေပြီး ကိုမိုအသင်းမှာ ၂၀၂၈ အထိ သစ္စာရှိရှိဆက်နေဖွယ်ရှိနေပါတယ်။ ဒယ်လိုစပေါ့တ်သတင်းဌာနရဲ့အဆိုအရ ဖာဘရီဂတ်စ်ဟာ ကိုမိုအသင်းရဲ့ယုံကြည်မှုကို တန်ဖိုးသလို လက်ရှိမှာလည်း ထိပ်တန်းအဆင့်အသင်းတွေအတွက် ယူအီးအက်ဖ်အေရဲ့လိုင်စင်ကို မရသေးဘူးလို့သိရပါတယ်။

လေဗာကူဆင်အသင်းတစ်သင်းတည်းက ဖာဘရီဂတ်စ်ကို စိတ်ဝင်စားနေတာမဟုတ်ပဲ လိုက်ပ်ဇစ် ၊ ရိုးမားတို့ကလည်း အသက် ၃၈ နှစ်သားကို စိတ်ဝင်စားနေပါတယ်။ စကိုင်းစပေါ့တ်သတင်းဌာနရဲ့အဆိုအရ ဖာဘရီဂတ်စ်အနေနဲ့ ကိုမိုမှာ သစ္စာရှိရှိဆက်နေမယ်ဆိုရင် လက်ရှိလုပ်ခလစာတိုးမြှင့်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ကိုမိုအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဗီရိုနာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။