
ပီအက်စ်ဂျီနဲ့ပွဲမှာ အာဆင်နယ်ဟာ နိုင်ပွဲနဲ့ထိုက်တန်ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက မိမိတို့အသင်းဟာ ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲမှာ နိုင်ပွဲနဲ့ ထိုက်တန်ကြောင်း အချက်အလက်တွေနဲ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အာဆင်နယ်ဟာ အခုအပတ်အစောပိုင်းတုန်းက ပီအက်စ်ဂျီကို ၂ ကျော့ပေါင်းရလဒ် ၃-၁ နဲ့အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
ပွဲအပြီးမှာ အာတီတာက မိမိတို့အသင်းဟာ ပီအက်စ်ဂျီအသင်းအရန်ခုံဆီကနေ ပြန်လည်ထောက်ခံမှုရရှိခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ “ဒီပြိုင်ပွဲမှာ ကျွန်တော်တို့လောက်ကောင်းတဲ့အသင်းရှိမယ်လို့ မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ထွက်ခွာခဲ့ရပါတယ်။ ကျွန်တော် အခုထက်ပိုထိုက်တန်ခဲ့သလို ဒီပြိုင်ပွဲက ဧရိယာထဲမှာ စကားပြောခဲ့တာပါ”လို့ အာတီတာက ဖြေကြားခဲ့ပါတယ်။ အာတီတာရဲ့မှတ်ချက်ကို အင်းနရစ်က “ကျွန်တော် လုံးဝကြီးတော့ သဘောမတူပါဘူး။ အာတီတာ နဲ့ ကျွန်တော်က သူငယ်ချင်းကောင်းတွေပါ။ ဒါပေမယ့် သူ့မှတ်ချက်ကို ကျွန်တော် လုံးဝကြီးသဘောမတူပါဘူး။
သူတို့ကစားတာကောင်းပါတယ်။ သူတို့လိုချင်သလို ကစားနိုင်ခဲ့ပေမယ့် ကျွန်တော်တို့က သူတို့ထက်ဂိုးပိုသွင်းနိုင်ခဲ့ပါတယ်။ အာဆင်နယ်က ကစားတာကောင်းသလို ကျွန်တော်တို့ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဖိုင်နယ်နဲ့ ပိုထိုက်တန်ပါတယ်။ သူတို့က အသင်းကောင်းပါ။ ထပ်ပြောပါမယ်။ ကျွန်တော်တို့က ပိုဂိုးရခဲ့ပါတယ်။ အာတီတာက ကျွန်တော့်ကိုအနိုင်ရလုနီးပါးဖြစ်ခဲ့ပါတယ်။ သူတို့ ဘောလုံးတိုင်းရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်”လို့ အင်းနရစ်က ဖြေကြားခဲ့ပါတယ်။
အာတီတာက အခုချိန်မှာ သူ့မှတ်ချက်နဲ့ပတ်သက်ပြီး “ကျွန်တော်ပြောခဲ့တဲ့အတိုင်း ရပ်တည်ပါတယ်။ ၁၀၀% ပါ။ ကျွန်တော် ပွဲကို ပြန်ကြည့်ဖြစ်သလို အချက်အလက်တွေကိုလည်း မြင်ခဲ့ရပါတယ်။ အရေးပါတဲ့အချက်အလက်တွေကို ကြည့်လိုက်ချိန်မှာ အဲ့တာက ပွဲတွေကိုအနိုင်ရအောင် စွမ်းဆောင်နိုင်ပါတယ်။ ဘယ်သူက ပိုကောင်းလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ Expected goal ၅ ကြိမ် ၃ ကြိမ်လောက် ၂ ကျော့စလုံးမှာရခဲ့ပါတယ်။ သာမန်အားဖြင့် အဲ့တာတွေကို အသုံးချနိုင်မယ်ဆိုရင် ဖိုင်နယ်ကို ရောက်နေပါပြီ။
ပီအက်စ်ဂျီကို ရင်ဆိုင်ချိန်မှာ သူတို့ခင်ဗျားကိုအနိုင်ယူနိုင်ပါတယ်။ ပြီးတော့ လက်ဆွဲနှုတ်ဆက်ချိန်မှာ ငါတို့အဆင်သင့်မဖြစ်သေးဘူးပြောပါလိမ့်မယ်။ သူတို့မျက်လုံးထဲ ခင်ဗျားကြည့်လိုက်ချိန်မှာ ဒီမှာသူတို့လုပ်ပြခဲ့တာတွေက ပိုကောင်းတဲ့အသင်းဆိုတာ ပြသနေပါတယ်။ ဒါပေမယ့် အဲ့တာက အနိုင်ရနိုင်ချေအကြောင်းမဟုတ်ပါဘူး။ အဲ့တာက တကယ့်ကိုထည့်တွက်တာပါ”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ချန်ပီယံလီဗာပူးအသင်းကို ဂုဏ်ပြုလက်ခုပ်တီးပေးသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။