The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့ ၂၀၂၃ ရာသီကြိုက ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဆိုလိုက်တဲ့ အဲရစ်ဆင်

လွန်ခဲ့တဲ့ ၁၂ လ တွင် ခက်ခဲဆိုးရွားတဲ့ ရာသီတစ်ခုဖြစ်ခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ ယူအက်စ်သို့သွားရောက်ရတဲ့ ရာသီကြိုခရီးစဉ်က ရာသီသစ်အတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှုဖြစ်မယ်လို့ အဲရစ်ဆင်က မျှော်လင့်နေပါတယ်။

၂၀၂၃ ရာသီကြိုခရီးစဉ်က နယူးဂျာစီ၊ ဆန်ဒီရေဂို၊ လက်စ်ဗီးဂက်စ်တို့မှာ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကလပ်ဟာ လေ့ကျင့်ရေးစခန်းကို ကာလီဖိုးနီးယားရှိ UCLA မှာ ရွေးချယ်ခဲ့တာဖြစ်ပြီး လော့စ်အိန်ဂျယ်လိစ်၊ ဆန်ဒီရေဂိုနှင့် ကာလီဖိုးနီးယားတောင်ပိုင်းတို့မှာ ခြေစမ်းပွဲ ၃  ပွဲ ကစားသွားမှာဖြစ်ပါတယ်။

"အသင်းစခန်းချရာ နေရာနှင့် ပွဲအတွက် ခရီးသွားချိန်နည်းသွားတာတွေက မတူညီပါဘူး" "တချိန်တည်းမှာပဲ ကြံ့ခိုင်မှုအရ စပွန်ဆာပေးထားတဲ့ ခရီးစဉ်တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာတုန်းက ကြည့်ရမယ်ဆိုရင် ဘောလုံးအရ အနည်းငယ်နောက်ကျသွားခဲ့ပါတယ်။ ဒီနှစ်မှာတော့ ရှေ့ရောက်ဖို့ အာရုံစိုက်ရမယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ အဲရစ်ဆင်က ပြောပါတယ်။

UCLA ရဲ့ စီစဉ်ပေးမှုနှင့်အတူ အသင်းသားတွေဟာ နွေရာသီခရီးစဉ်အဖြစ် လော့စ်အိန်ဂျယ်လိစ်မှာ ၁၀ ရက်နေထိုင် လေ့ကျင့်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်မယ်ဆိုရင် အသင်းသားတွေက နယူးဂျာစီနှင့် ဆန်ဒီရေဂိုတို့မှာ လေ့ကျင့်ခဲ့ပြီး ပွဲတွေကစားဖို့အတွက် ဟူစတန်နှင့် လက်စ်ဗီးဂတ်စ်သို့ လေယာဉ်ဖြင့် သွားခဲ့ရတာဖြစ်ပါတယ်။

"လေယာဉ်တွေ အကြိမ်များစွာစီးခဲ့ရတာတွေ တစ်ရက် နှစ်ရက်အတွင်း ခရီးတိုတွေသွားရတွေရှိခဲ့ပါတယ်" "ခရီတိုသွားရခြင်းက ပင်ပန်းမှုတွေရှိတယ်လို့ ခံစားရပါတယ်။ အခုအချိန်မှာတော့ မတူညီတော့ပါဘူး။ လာမယ့် ၂ နှစ် ဒါမှမဟုတ် ၂ ပတ်အတွင်းမှာ ပိုကောင်းသွားမလား ပိုဆိုးသွားမလာဆိုတာ ပြောလို့ရပေမယ့် အခုတော့ ပိုကောင်းလာတယ်လို့ ခံစားမိပါတယ်" လို့ အဲရစ်ဆင်က ပြောပါတယ်။

အဲရစ်ဆင်ဟာ ယူနိုက်တက်နှင့် စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တာဖြစ်ပြီး သူ့ရဲ့အနာဂတ်နှင့်ပတ်သက်ကာ ကောလာဟလများထွက်နေသော်လည်း အိုးထရက်ဖို့ဒ်မှာ ဆက်နေချင်တယ်လို့ သူက ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ရာသီက တန်ဟက်ရဲ့အသင်းမှာ ပွဲကစားချိန်တွေ လျော့ချခြင်းခံခဲ့ရသော်လည်း အဲရစ်ဆင်ဟာ ယူရို ၂၀၂၄ မှာ ဒိန်းမတ်အတွက် ခြေစွမ်းပြသခဲ့ကာ အသက် ၃၂ နှစ်အရွယ် ကစားသမားကတော့ ပွဲတွေ ပိုပြီးကစားချင်ကြောင်း ဝန်ခံပြောကြားထားပါတယ်။

"ကျွန်တော်က စာချုပ်သက်တမ်း ၁ နှစ်သာကျန်တော့သော်လည်း ယူနိုက်တက် ကစားသမားဖြစ်နေတုန်းပါ။ အသင်းကနေထွက်ဖို့‌ရော စာချုပ်သက်တမ်းတိုးဖို့ကိုပါ မပြောရသေးပါဘူး။ လက်ရှိအချိန်မှာတော့ စာချုပ်သက်တမ်း ကျန်နေသေးတဲ့အတွက် ကျွန်တော်အဆင်ပြေပါတယ်၊ ကျွန်တော့်ရဲ့မိသားစုကလည်း မန်ချက်စတာမှာ နေရာ အဆင်ပြေနေပြီး ယူနိုက်တက်က အသင်းကောင်းတစ်သင်းဖြစ်ပါတယ်" "ဘောလုံးသမားတွေကတော့ ဖြစ်နိုင်သလောက် များများကစားချင်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော်ရော ဘယ်လောက်လုပ်နိုင်မယ်လို့ ထင်မိပါသလဲ၊ အသင်းရဲ့ရော ဘယ်လက်အထိ အသားကျပါ့မလဲ။ ဒါတွေအားလုံးအတွက် ကျွန်တော်အဆင်ပြေပါတယ်။ ကျွန်တော်က နေရာကောင်းမှာရှိနေတယ်လို့ ထင်ပါတယ်"လို့ အဲရစ်ဆင်က ပြောကြားထားပါတယ်။