အင်္ဂလန်က ဘယ်လင်ဂမ်ကို ဒဏ်ရိုက်ခဲ့ပြီး တူရကီက ဒီမီရယ်ကို ၂ ပွဲပယ် ပြစ်ဒဏ်ချလိုက်တဲ့ ယူအီးအက်ဖ်အေ
ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်အေဟာ တူရကီကစားသမား ဒီမီရယ်အား နိုင်ငံရေးအရ စွဲချက်တင်ထားတဲ့ ဝံပုလွေ ပုံစံဖြင့် အောင်ပွဲခြင်းအတွက် ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အင်္ဂလန်ကစားသမား ဘယ်လင်ဂမ်ကိုတော့ ယူရို ၃၀၀၀၀ (ဒေါ်လာ ၃၂၄၆၉) ဒဏ်ရိုက်ခဲ့ပါတယ်။ ဘယ်လင်ဂမ်ကိုလည်း မူအားဖြင့် တစ်ပွဲ ဆိုင်းငံ့ခွင့် ပေးထားသော်လည်း ယူအီးအက်အေအနေနဲ့ ဒါကို ချက်ချင်း ကျင့်သုံးမည် မဟုတ်ကြောင်းနှင့် တစ်နှစ် အစမ်းခန့်ကာလ ချမှတ်ထားမှာဖြစ်ပါတယ်။
တူရကီရဲ့ ဩစတြေးလျအား အနိုင်ရရှိခဲ့တဲ့ ၁၆ သင်းအဆင့်ပွဲတွင် အသက် ၂၆ နှစ်အရွယ် ဒီမီရယ်ဟာ ဝံပုလွေ၏ဦးခေါင်းပုံသဏ္ဍာန်အတိုင်း လက်ချောင်းများဖြင့် ပုံစံတူလုပ်ခဲ့ကာ အောင်ပွဲခံခဲ့တာပါ။ ယင်းအမူအရာဟာ တူရကီရဲ့ လက်ယာစွန်း "Grey Wolves" အဖွဲ့နှင့် ဆက်စပ်နေပြီး ဂျာမနီက လူမျိုးရေးခွဲခြားမှုအဖြစ် ရှုတ်ချခဲ့ပါတယ်။
ယေဘူယျအားဖြင့် အဖွဲ့ချုပ်က ချမှတ်ထားတဲ့ စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ခြင်း၊ သင့်တော်လျောက်ပတ်တဲ့ အခြေခံစည်းမျဉ်းများကို ဖောက်ဖျက်ခြင်း၊ အားကစားသဘောသဘာဝကို မဖော်ပြခြင်းနှင့် ဘောလုံးအားကစားကို ဂုဏ်သိက္ခာမဲ့စွာ ယူဆောင်လာခြင်းတို့ကြောင့် အပြစ်ပေးခံရခြင်းဖြစ်ကြောင်း ယူအီးအက်ဖ်အေက ပြောကြားခဲ့ပါတယ်။
ဒီမီရယ် နှင့် တူရကီအစိုးရတို့ကတော့ မျိုးချစ်စိတ်ဂုဏ်ကို ပုံမှန်ဖော်ပြတဲ့အမူအရာအဖြစ်သာ ကာကွယ်ပြောဆိုခဲ့ကြပါတယ်။ ဘယ်လင်ဂမ်ရဲ့ ဖြစ်ရပ်တွင် စလိုဗေးနီးယားကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးတွင် သူရဲ့လက်ကို နမ်းလိုက်ပြီး ပေါင်ခြံနားသို့ နှိမ့်ချခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒဏ်ငွေနှင့် တစ်ပွဲ ဆိုင်းငံ့ခြင်းခံထားရပြီး အကျင့်စာရိတ္တအခြေခံစည်းမျဉ်းများကို ချိုးဖောက်ခြင်းကြောင့်ဖြစ်ကြောင်း ယူအီးအက်ဖ်အေရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထာပေါတယ်။ "ဆိုင်းငံ့မှုကိုတော့ ချက်ချင်းအတည်မပြုနိုင်သေးဘဲ လက်ရှိ ဆုံးဖြတ်ချက်ချသည့်နေ့မှ စတင်ကာ အစမ်းကာလ တစ်နှစ်အထိ အကျုံးဝင်မှာဖြစ်ပါတယ်" လို့ ထပ်လောင်း ဖော်ပြထားပါတယ်။
အဆိုပါအမူအရာဟာ စလိုဗေးနီးယားအတွက် ရည်ရွယ်ခြင်းမဟုတ်ကြောင်းနှင့် အချို့က ဒါကို အဓိပ္ပာယ်ဖွင့်ဆိုထားကြသော်လည်း သူ့ရဲ့ငယ်ချင်းများနှင့် ရယ်မောခြင်းသာဖြစ်ပါတယ်လို့ ဘယ်လင်ဂမ်က ဖြေရှင်းထားပါတယ်။ အင်္ဂလန်အသင်းဟာ စနေနေ့တွင် ယူရို ၂၀၂၄ ကွာတားဖိုင်နယ်အဖြစ် ဆွစ်ဇာလန်နှင့်ကစားရမှာဖြစ်ပြီး တူရကီကတော့ နယ်သာလန် ရင်ဆိုင်ရမှာဖြစ်ပါတယ်။