
လီဗာပူးအသင်းက ချိတ်ဆက်လာချိန် အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အီဆက်ရဲ့ရပ်တည်မှု ကို ထုတ်ဖော်ပြောကြား
သတင်းတွေအရ လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်းနေရာအတွက် နယူးကာဆယ်စတား အီဆက်ကို ပေါင်သန်း ၁၂၀ နဲ့ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ စလော့ရဲ့အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ကာကက်ဇ် ၊ ဖရင်းပေါင် နဲ့ ဝီရက်ဇ်တို့ကိုခေါ်ယူထားပြီးဖြစ်ပါတယ်။
ဒါပေမယ့် လီဗာပူးအသင်းဟာ လာမယ့်ရာသီချန်ပီယံဆုကိုကာကွယ်နိုင်ဖို့ တိုက်စစ်ပိုင်းကိုပါ ထပ်မံအားဖြည့်ချင်နေပါတယ်။ အီဆက်ကို လီဗာပူးအသင်းက ကာလရှည်ပစ်မှတ်ထားနေတာဖြစ်ပြီး အခုနွေရာသီမှာ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
နယူးကာဆယ်ဘက်က အနည်းဆုံးပေါင်သန်း ၁၂၀ လောက်မှသာ လက်လွှတ်ဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အီဆက်ဟာ နယူးကာဆယ်အတွက် လိဂ်ဂိုး ၂၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ရိုမာနိုက အသက် ၂၅ နှစ်သားဟာ သင့်လျော်တဲ့ကမ်းလှမ်းမှုရလာမယ်ဆိုရင် လီဗာပူးအသင်းထံပြောင်းဖို့ လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ်။
“ကြားရတာတော့ အီဆက်က အေးအေးဆေးဆေးပါပဲ။ နယူးကာဆယ်က သူ့ကိုဆက်ထိန်းထားချင်နေတယ်ဆိုတာ သူသိပါတယ်။ ဒါ့အပြင် နယူးကာဆယ်အနေနဲ့လည်း အရေးကြီးတဲ့စာချုပ်ကမ်းလှမ်းရမယ်ဆိုတာလည်း သူသိပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့အနေနဲ့ လီဗာပူးဘက်က မြင့်မားတဲ့ကမ်းလှမ်းမှုလုပ်ရမယ်ဆိုတာ သိနေပါတယ်။ အီဆက်ဘက်က တံခါးမပိတ်ထားသလို လီဗာပူးဘက်က လက်ရှိအချိန်အထိတော့ အသင်းအချင်းချင်း မဆက်သွယ်သေးပါဘူး”လို့ ရိုမာနိုက ဆိုပါတယ်။
လီဗာပူးအနေနဲ့ အီဆက်ကိုခေါ်ယူဖို့ မအောင်မြင်ခဲ့ရင် ဖရန့်ဖတ်စတား အက်တီတီကိုခေါ်ယူဖွယ်ရှိနေပါတယ်။ အက်တီတီရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၈၆ သန်းရှိနေပြီး နယူးကာဆယ်ကလည်း အီဆက်နေရာအတွက် စိတ်ဝင်စားနေပါတယ်။
နယူးကာဆယ်ဟာ အက်တီတီကို ပေါင် ၆၅ သန်းနဲ့ ကနဦးကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ၂ သင်းကြား ဆက်လက်ဆွေးနွေးနေပါတယ်။ လီဗာပူးဘက်ကလည်း ဖရန့်ဖတ်အသင်းနဲ့ ချိတ်ဆက်နေပေမယ့် ကမ်းလှမ်းမှုတော့ မလုပ်ရသေးတာဖြစ်ပါတယ်။