အလီရှာလက်ရှ်မန်းကို အီတလီမှာ ထားခဲ့တော့မှလား ဒေါက်ကလပ်စ်လူးဝစ်ဇ်
နွေရာသီမှာခေါ်ယူပြီး ခြေစွမ်းမပြသနိုင်တဲ့ ကစားသမားကို ယူနိုက်တက်နှင့် အလဲထပ်လုပ်ဖို့ ဂျူဗင်တပ်စ်က စဉ်စားနေပါတယ်။အက်စ်တွန်ဗီလာကနေ ယူရို သန်း ၅၀ (ပေါင် ၄၁.၅ သန်း၊ ဒေါ်လာ ၅၂ သန်း) ဖြင့်ခေါ်ယူထားတဲ့ ဒေါက်ကလပ်စ်လူးဝစ်ဇ်ဟာ စီးရီအေမှာ ရုန်းကန်နေရာဖြစ်ပြီး ယူနိုက်တက်က ဇက်ဇီးနှင့် ဂျူဗင်တပ်စ်က လဲလှယ်လိုနေတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ်ကို အင်အားဖြည့်တင်းလိုနေတာဖြစ်ပြီး ကစားသမားလဲလှယ်ဖို့အတွက် ဆွေးနွေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဘိုလော့ဂ်နာနှင့်အတူ ခြေစွမ်းပြသခဲ့တဲ့ နယ်သာလန်တိုက်စစ်မှူးကိုခေါ်ယူနိုက်ရေးအတွက် လူးဝစ်ဇ်နှင့် ဒန်နီလိုကို အလိုက်ပေးပြီး ဂျူဗင်တပ်စ်က ကမ်းလှမ်းထားပါတယ်လို့ Calciomercato ကဖော်ပြထားပါတယ်။ကစားသမားတွေသာ သက်ဆိုင်ရာအသင်းများနှင့်သာ ချိတ်ဆက်ထားသောကြောင့် သဘောတူညီချက်တစ်ခု အကောင်အထည်ပေါ်လာဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။
လဲလှယ်ရေး သဘောတူညီချက်များဟာ ရှုပ်ထွေးပြီး ဘောလုံးလောကမှာ အံ့အားသင့်ဖွယ် ရှားပါးမှုတစ်ခုဖြစ်နိုင်ကာ အလားအလာရှိလဲလှယ်မှုကိုသာ ပိုမိုသံသယဖြစ်စေပါတယ်။ ဇက်ဇီးဟာ နည်းပြသစ် အမ်မိုရင် လက်ထက်တွင် အဓိကတိုက်စစ်မှူးအဖြစ် သို့မဟုတ် ပေါ်တူဂီနည်းပြရဲ့ ၃-၄-၃ ကစားကွက်တွင် နံပါတ် ၉ရဲ့နောက်တွင်တိုက်စစ်မှူးတစ်ဦးအဖြစ် စတင်နိုင်ခွင့်ရှိနေပါတယ်။ လူးဝစ်ဇ်ဟာ နွေရာသီတွင် ဗီလာမှ အီတလီသို့ အပြောင်းအရွှေ့ပြီးနောက် ဂျူဗင်တပ်စ်အမျိုးသမီးအသင်းတွင် ကစားနေသော ချစ်သူ အလီရှာလက်ရှ်မန်းနှင့်အတူ ဂျူဗင်တပ်သို့ ပြောင်းရွှေ့သွားခဲ့တာကြောင့် အီတလီမှ ထွက်ခွာကာ အင်္ဂလန်သို့ ပြန်သွားလိုခြင်း ရှိ၊မရှိ မသေချာနေတာပါ။
တူရင်သို့ရောက်လာကတည်းက လူးဝစ်ဇ်ဟာ ဂျူဗင်တပ်စ်အတွက် ၉ ပွဲသာ ကစားပေးထားရတာဖြစ်ပါတယ်။ စီးရီအေ ၁၃ ပွဲမှာ ၇ ကြိမ်သာ ကစားထားရတာဖြစ်ပြီး ချန်ပီယံလိဂ်တွင် ၂ ပွဲသာကစားထားကာ လက်ရှိရာသီမှာ စုစုပေါင်း ၃၁၂ မိနစ်သာ ကစားထားရပါတယ်။
ဂျူဗင်တပ်စ်ဟာ အခြားကလပ်များနှင့် အမှတ်ကွာဟချက်နည်းစေဖို့ ကြိုးစားလုပ်နေပြီး စီးရီးအေမှာ ဦးဆောင်နေတဲ့ ကလပ်လည်းဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ အဆင့် ၆ မှာ ရပ်တည်နေပေမယ့် နည်းပြ ကွန်တီဦးဆောင်နေတဲ့ ပထမနေရာက နာပိုလီနှင့် ၄မှတ်သာ ကွာဟနေကာ တနင်္ဂနွေနေ့ လက်စ်ချီးနှင့်ပွဲမှာ အနိုင် ၃ မှတ်ရရင်တော့ အမှတ်ကွာဟချက်ကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။