The network connection is lost.

Banner Image

ဆန်ချိုကို အပြီးသတ်ခေါ်ယူဖို့ လျှို့ဝှက်စီစဉ်ထားတဲ့ ဒေါ့မွန်

သတင်းတွေအရ ဒေါ့မွန်အသင်းဟာ လာမယ့်နွေရာသီမှာ ယူနိုက်တက်စတား ဆန်ချိုကို အပြီးသတ်ခေါ်ယူဖို့ လျှို့ဝှက်စီစဉ်ထားတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်သားဟာ နည်းပြ တန်ဟက်နဲ့အချင်းများခဲ့ပြီးနောက် ဂျာမန်မြေကို ဇန်နဝါရီတုန်းက အငှားနဲ့ ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်ဟာ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ဆန်ချိုကို ယူနိုက်တက်ပြောင်းရွှေ့ဖို့ ပိတ်ပင်ခဲ့သလို အခုတော့ အင်္ဂလန်သားကို အပြီးသတ်ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ဆန်ချိုနဲ့ ယူနိုက်တက်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၆ အထိ ကျန်ရှိနေတာဖြစ်ပြီး ကစားသမားကိုယ်တိုင်က ယူနိုက်တက်ကနေ ထွက်ခွာချင်နေပါတယ်။ ဘွန်ဒက်စ်လီဂါမြေကို ပြန်ရောက်လာပြီးကတည်းက ဆန်ချိုဟာ ဝါဒါဘရီမင်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအတွင်း ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီး အဲ့ကတည်းက ခြေစွမ်းကောင်းတစ်ချို့ပြသထားနိုင်ခဲ့ပါတယ်။

အသင်းဘက်ကလည်း အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ဈေးပေါပေါနဲ့ရနိုင်မယ့် ကစားသမားမျိုး ရှာဖွေနေပေမယ့် ယူနိုက်တက်ဘက်က သူတို့တောင်းဆိုတဲ့ တန်ကြေးကို လျော့ချဖွယ်မရှိတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကို မခေါ်ယူခင်တုန်းကလည်း တန်ကြေးကို လျော့ချဖို့ ချဉ်းကပ်ခဲ့သေးတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူတို့အနေနဲ့ ဆန်ချိုကို လက်လွှတ်ရဖို့သေချာနေတာကြောင့် တန်ကြေးကို လျော့ချရဖွယ်ရှိနေပါတယ်။

အခြားတစ်ဖက်မှာလည်း ဒေါ့မွန်က တန်ကြေးကို လျော့ချချင်နေပြီး အခြားရွေးချယ်စရာအဖြစ် နောက်တစ်နှစ်ထပ်အငှားခေါ်ယူပြီးမှ အပြီးသတ်ခေါ်ယူဖွယ်ရှိနေပါတယ်။ ဒါ့အပြင် ဒေါ့မွန်အသင်းဘက်က ဆန်ချိုကို မယ်လန်အလိုက်ပေးကမ်းလှမ်းဖို့လည်း ပြင်ဆင်နေပါတယ်။

ဆန်ချိုရဲ့အပြောင်းအရွှေ့ကို  နည်းပြ တာဇစ်ကတောင်းဆိုတာလို့ သိရပြီး အပြီးသတ်ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဆန်ချိုနဲ့ တန်ဟက်တို့ဟာ အခုရာသီအစောပိုင်းတုန်းက အာဆင်နယ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပြဿနာစတင်ခဲ့တာဖြစ်ပါတယ်။