ဘာမင်ဂမ်နှင့် ပွဲမတိုင်ခင် ပရိုက်ဒ်ပက်ခ်သို့ ချီတက်ကာ ဆန္ဒပြခဲ့တဲ့ ဒါဘီပရိတ်များ
ထောင်ပေါင်းများစွာသော ဒါဘီပရိသတ်တွေဟာ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေပေါ် တနင်္ဂနွေနေ့က လမ်းပေါ် ထွက်ကာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး ၁၃၈ နှစ်သက်တမ်းရှိပြီ ဖြစ်တဲ့ ကလပ်ဟာ ဖျက်သိမ်းလုနီးနီး ဖြစ်နေတာ ဖြစ်ပါတယ်။
ဘောလုံးလိဂ်ကို စတင်တည်ထောင်ခဲ့တဲ့ အဖွဲ့ဝင်တွေက တစ်ဦးဖြစ်တဲ့ ဒါဘီဟာ ၄လတာ အုပ်ချုပ်ခြင်း ခံနေရတာ ဖြစ်ပြီး အသင်းရဲ့ရပ်တည်မှုကလည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။ ၂၀၀၀ နီးပါးလောက်ရှိတဲ့ ပရိသတ်တွေဟာ ' Save Derby County ' ဟူ၍ ရေးသားထားသော စာတမ်းကို ကိုင်ဆောင်ကာ ဘာမင်ဂမ်နှင့် ကစားမယ့်ပွဲမတိုင်မီ မြို့လည်ခေါင်ကနေ ပရိုက်ဒ်ပက်ခ်သို့ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်ဟာ ပရိသတ်ပေါင်း ၃၂၀၀၀ လောက်ရှေ့မှာ ကစားမယ်လို့ မျှော်လင့်ရပြီး ၃နှစ်အတွင်း ဒါဘီအတွက် တက်ရောက်ကြည့်ရှုတဲ့ ပရိသတ်အများဆုံးလည်း ဖြစ်ပါတယ်။ ဒီတစ်ပတ်အစောပိုင်းတုန်းက ကလပ်ရဲ့ အုပ်ချုပ်မှုကာလကို ထပ်တိုးပေးမယ်လို့ EFL က သဘောတူညီခဲ့တာ ဖြစ်ပြီး ရာသီကို အပြီးသတ်ဖို့အတွက် ရက်သတ္တပတ် ၄ ပတ်အတွင်း လုံလောက်တဲ့ ငွေကြေးပမာဏကို ပြသရမှာ ဖြစ်ပါတယ်။
အဆိုပါ ဆုံးဖြတ်ချက်မတိုင်မီ ဖေဖော်ဝါရီ ၁ ရက်နေ့မရောင်ခင်မှာ ဒါဘီဟာ လက်ရှိရာသီအတွက် လုံလောက်တဲ့ ငွေကြေးပမာဏ ရှိတယ်ဆိုတာကို EFL သို့ ပြသရမှာ ဖြစ်ပါတယ်။ ဒါဘီကောင်တီရဲ့ ငွေကြေးခန့်မှန်းမှုကို ပြန်လည်သုံးသပ်လိုက်တဲ့အချိန်မှာ EFL နှင့် ကလပ်ရဲ့အုပ်ချုပ်သူတွေဖြစ်တဲ့ ကွမ်တူမာ တို့ဟာ စောင့်ကြည့်တဲ့အချိန်ကို ကာလရှည် တိုးမြှင့်ပေးဖို့ သဘောတူညီခဲ့တာ ဖြစ်ပြီး ပူးတွဲကြေညာချက် တစ်စောင်ကို ကြာသပေးတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။
"လက်ရှိရာသီကုန်အထိ အသင်းကို ဘဏ္ဍာရေးအခြေအနေရ ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့ အစီစဉ်ကို ဒါဘီ ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြသရမှာဖြစ်တယ်လို့ EFL က တောင်းဆိုခဲ့တာပါ" အသင်းပိုင်ရှင် မိုရစ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းရဲ့ အမြတ်ငွေ ပေါင်း သန်း၂၀၀ လောက် ဆုံးရှုံးခဲ့ရပါတယ်လို့ ပြောဆိုခဲ့ပြီးနောက် ပြီးခဲ့တဲ့စက်တင်ဘာလမှာ ဒါဘီကို အုပ်ချုပ်သူတွေ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ခုနှစ်မှာ ဒါဘီရဲ့အသင်းပိုင်ရှင်ဖြစ်လာတဲ့ မိုရစ်က ကလပ်ဟာ သူ့အတွက် ပေါင်သန်း ၂၀၀ လောက်ကုန်ကျစေ ခဲ့ပြီး ၂၀၁၉ခုနှစ်မှာ အက်စတွန်ဗီလာကိုရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံရှစ် Play off ပွဲစဉ်ပြီးကတည်းက ဝယ်သူမယ့်သူကို ရှာနေတာ ဖြစ်ပါတယ်လို့ ပြောထားပါတယ်။ EFL ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းနှင့် အုပ်ချုပ်သူများ ဝင်ရောက်လာတဲ့အတွက် ဒါဘီဟာ ၂၁ မှတ်လျော့ခံခဲ့ရတာ ဖြစ်ပါတယ်။
အသင်းကို လာရောက်ကမ်းလှမ်းမယ့်သူ မရှိဘဲ ဝယ်မယ့်သူတွေကလည်း အသင်းရဲ့ကြွေးမြီပေါင်းသန်း ၆၀ လောက်ကို ဆပ်ရမှာဖြစ်တာကြောင့် မိုရစ်က ဆက်လက်ပိုင်ဆိုင်နေဦးမှာ ဖြစ်ပါတယ်။ သောကြာနေ့မှာ ယူအက်စ်ညီနောင်ဖြစ်တဲ့ အက်ဒမ်နှင့်ကောလင်းတို့ဟာ ကလပ်ကို ဝယ်ယူမယ့်သူအဖြစ် ထွက်ပေါ် လာတာ ဖြစ်ပြီး ဒါဘီရဲ့ဥက္ကဌဟောင်း အန်ဒီအက်ပယ်ဘီနှင့် နယူးကာဆယ်ပိုင်ရှင်းဟောင်း မိုက်အက်ရှလေတို့ ကလည်း ဝယ်ယူမယ်လို့ သတင်းထွက်နေပါတယ်။
ပိုင်ရှင်အသစ် ဖြစ်လာနိုင်တဲ့သူအတွက် အတားအဆီးကတော့ EFL ထံသို့ မစ်ဒယ်ဘရော့နှင့် ဝိုင်ကမ်ဘီတို့က ဒါဘီ ရဲ့ ဘဏ္ဍာရေးဆိုင်ရာချိုးဖောက်မှုဟာ သူတို့အတွက်တော့ စိတ်ပျက်ဖွယ်ရာ ဖြစ်ပါတယ်လို့ စောဒက တက်ထားကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့တောင်းဆိုထားမှုသာ အောင်မြင်ခဲ့မယ်ဆိုရင် EFL ဟာ အဆိုပါကလပ်နှစ်ခုကို အကြွေးရှင်တွေ ဖြစ်တယ်လို့ စဉ်းစားပေးရမှာ ဖြစ်ပါတယ်။
ကွမ်တူမာဟာ MSD ကပ်ပီတယ်ကို ချေးငွေအသစ်ချပေးဖို့ တောင်းဆိုခဲ့သော်လည်း MSD ကပ်ပီတယ်ဟာ ဒါဘီသို့ အရင်ကတည်းက ပေါင်သန်း ၂၀ ချေးပေးထားတာဖြစ်ပါတယ်လို့ Sportsmail ကဖော်ပြထားပါတယ်။ ကွင်းပြင်ပမှာ ပြဿနာမျိုးစုံ ရှိနေသော်လည်း နည်းပြ ရွန်းနီရဲ့လောက်အောက်က ဒါဘီဟာ အဆိုပါ ပြဿနာတွေကနေ လွတ်မြောက်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။
ချန်ပီယံရှစ်ရဲ့အဆင့် ၂၃ မှာ ရပ်တည်နေတဲ့ ဒါဘီဟာ အဆင့် ၂၁ က ရီးဒင်းနှင့် ၈ မှတ် ကွာဟနေသော်လည်း ပွဲကျန် တစ်ပွဲ ရှိနေပါသေးတယ်။ ဒါဘီကို ဦးမော့အောင် လုပ်ဆောင်ခြင်းဟာ သူ့ရဲ့ဘောလုံးလောကမှာ ကြီးမားတဲ့အောင် မြင်မှုပဲ ဖြစ်တယ်လို့ ရွန်းနီက ပြောပါတယ်။
"သေချာပေါက် ကျွန်တော့်ဘောလုံးလောကရဲ့ ကြီးမားတဲ့အောင်မြင်မှု ဖြစ်လာမှာပါ "" ၁၂ မှတ်လျော့ခြင်း ခံခဲ့ရသလို နောက်ထပ် ၉မှတ်ပါ ထပ်လျော့ခြင်း ခံခဲ့ရပါတယ်။ ကျွန်တော်တို့ကသာ ဒီလိဂ်မှာ ဆက်ရှိနေမယ် ဆိုရင် ကျွန်တော့်အတွက်သာမက ကစားသမားတွေ၊ ဝန်ထမ်းတွေအတွက်ပါ ကြီးမားတဲ့အောင်မြင်မှုပဲ ဖြစ်မှာပါ" လို့ ရွန်းနီက Sky Sports သို့ ပြောပါတယ်။