
ဒီကစားသမားကိုသာခေါ်ယူခဲ့ပါက ချန်ပီယံဖြစ်မယ်လို့ ပြောကြားခြင်းခံလိုက်ရတဲ့ အာဆင်နယ်
နယူးကာဆယ်တိုက်စစ်မှူး အီဆက်ကိုသာ ခေါ်ယူခဲ့ကါ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ်လို့ အာဆင်နယ်က ပြောကြားခြင်းခံလိုက်ရပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ဒီးနီရဲ့အမြင်ဖြစ်ပြီး အီဆက်ဟာ အမ်မရိတ်သို့ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အားလုံး ဒုက္ခရောက်သွားမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ၂၀၂၂ ခုနှစ်တွင် ရီးရဲလ်ဆိုစီဒက်စ်မှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် နယူးကာဆယ်သို့ရောက်ခဲ့တဲ့ သူ့ကိုခေါ်ယူဖို့ ချိတ်ဆက်မှုများရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၃ ရာသီအတွင်း အီဆက်ဟာ အင်္ဂလန်မှာခြေစွမ်းတည်ငြိမ်တဲ့ တိုက်စစ်မှူးတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ၆၇ ပွဲတွင် ၄၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ အာတီတာဟာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သော်လည်း လက်ရှိအတိုင်းပဲ ဆက်သွားဖို့ရွေးချယ်ခဲ့ကာ တစ်ရာသီလုံးတွင် ကိုင်ဟာဗက်ဇ်ကို false nine အဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိရာသီမှာ ဂိုးရရှိဖို့ ရုန်းကန်နေရတာ ပြီးခဲ့တဲ့ နှစ်ပွဲတွင် ဂျီးဆပ်က ၅ ဂိုးသွင်းကာ ဂိုးမိုးခေါင်မှုကို ရပ်တန့်နိုင်ခဲ့ပေမယ့် အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ်ခေါ်ယူဖို့ အသံထွက်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်နှစ်မှာ ချန်ပီယံဖြစ်လုနီးပါအနေအထားမှ မန်စီးတီထံ လက်လွှတ်ခဲ့ရတာကြောင့် လက်ရှိရာသီမှာတော့ ဆုဖလားကို ရရှိလိုနေတာဖြစ်ပါတယ်။ သို့သော်လည်း ခရစ္စမတ်ကာလမှာ သူတို့ဟာ အဆင့် ၃ တွင် ရှိနေပြီး ရုတ်တရက် ဆုဖလားပြိုင်ဘက်အဖြစ် ပေါ်ထွက်လာတဲ့ လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးနှင့် ၂ မှတ်အကွာ၊ ၁ပွဲကစားရန် ကျန်ရှိနေတဲ့ လီဗာပူးနှင့် ၄ မှတ်ကွာ အနေအထားမှာ ရှိနေပါတယ်။
လီဗာပူးကို အာဆင်နယ်က ယှဉ်ပြိုင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး အီဆက်သာ ရှိမယ်လိုရင် ဂန်နာတွေဟာ ဆုဖလားကိုရရှိလိမ့်မယ်လို့ ဒီးနီက ယုံကြည်နေပါတယ်။
"လက်ရှိ အင်္ဂလန်မှာ အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ သူ့ကိုသာ အာဆင်နယ်က ခေါ်ယူခဲ့မယ်ဆိုရင် သူတို့က လိဂ်ဖလားကိုရရှိပြီး အားလုံးကို ဒုက္ခပေးနိုင်ပါတယ်"
"နယူးကာဆယ်အတွက်လည်း သူက အရေးပါတဲ့ ကစားသမားဖြစ်နေတာကြောင့် သူတို့အနေနဲ့ လုပ်နိုင်မှာတော့ မဟုတ်ပါဘူး။ နယူးကာဆယ်ကတော့ သူ့အတွက် ငွေကြေးများစွာဖြင့် ရောင်းနိုင်တာဖြစ်လို့ အသင်းကြီးတွေထံ ရောင်းချမှုက အဆုံးသတ်သွားနိုင်ပါတယ်" လို့ အီဆက်နှင့်ပတ်သက်ပြီး ဒီးနီက BBC Sport column တွင် ပြောကြားထားပါတယ်။
အီဆက်ဟာ နယူးကာဆယ်နှင့် စာချုပ်သက်တမ်း ၃ နှစ်ခွဲကျန်ရှိနေပြီး နည်းပြအက်ဒီဟောင်းကလည်း သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်တာဖြစ်ပါတယ်။ "နယူးကာဆယ်မှာ အီဆက်ကို သွားစေချင်နေတဲ့သူ တစ်ဦးမှ မရှိပါဘူး။ သူက ကျွန်တော်တို့ရဲ့ ရေရှည်အစီစဉ်မှာ ပါဝင်နေပြီး ပထမအတန်းစားပါပဲ"
"သူက စိတ်အားတက်ကြွပြီး အကောင်းဆုံးလုပ်ချင်နေပါတယ်။ သူ့ရဲ့ကစားသမားဘဝမှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိပြီး အသက်ငယ်ရွယ်တုန်းလည်း ဖြစ်ပါတယ်" "သူရဲ့ ဂိုးသွင်းလိုစိတ်ကများပြားပြီး အနာဂတ်နှင့်ပတ်သက်ပြီးတော့က အပြုသဘောဆောင်နေပါတယ်။ အသင်းအတွက် ဆုဖလားရရှိဖို့ သူ့ရဲ့ပေးဆပ်မှုကို ကျွန်တော် သဘောကျပါတယ်" "စာချုပ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတော့ မစရသေးဘူးထင်ပါတယ်။ သို့သော်လည်း သူ့မှာ အသင်းနဲ့ ကာလရှည်စာချုပ်တစ်ခုရှိနေပြီး ကျွန်တော်တို့က သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးသွားမှာပါ"
"အဝတ်လဲခန်းမှာဆိုရင်လည်း သူက အရမ်းကိုနာမည်ကြီးသူဖြစ်ပြီး ဂိုးတွေအများကြီးတစ်ပွဲပြီးတစ်ပွဲသွင်းတဲ့ တိုက်စစ်မှူးအတွက် အဆန်းတော့မဟုတ်ပါဘူး။ သူဟာ နောက်ကျောက နံပါတ်ထက် ရင်ဘက်က အသင်းအမှတ်တံဆိပ်အတွက် ကစားပေးသူဖြစ်ပြီး အမြဲတမ်း သင်ယူလိုစိတ်ရှိသူဖြစ်ပါတယ်။ သူ့အတွက် ပြောစရာစကားဆိုတာ လုံလောက်မှုမရှိပါဘူး" လို့ အင်းဆွစ်နှင့်ပွဲမှာ အီဆက် ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် အက်ဒီဟောင်းက ပြောပါတယ်။
ဗီလာနှင့် ဘောက်ဆင်ဒေးမှာ ကစားမည့်ပွဲမှာ အီဆက်က ဂိုးတွေဆက်တိုက်သွင်းယူနိုင်ဖို့အတွက် လုပ်ဆောင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်ကတော့ အင်းဆွစ်နှင့် ကစားရမှာဖြစ်ပါတယ်။