ကစားသမားဘဝ အခိုက်အတန့်တစ်ခုကြောင့် အမြဲတမ်းခြောက်လန့်ခြင်းခံနေရတဲ့ ဒီကလန်ရိုက်စ်
ခြင်္သေ့သုံးကောင်ဟာ နှစ်ကြိမ်ဆက်တိုက်အဖြစ် ဥရောပချန်ပီယံရှစ်ဖိုင်နယ်သို့ တက်ရောက်ရန် အရည်အချင်းပြည့်မီခဲ့ပြီး ယူရို ၂၀၂၀ တွင် အီတလီကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်မှုအတွက် ပြင်ဆင်ရန် ကြိုးစားနေတာလည်းဖြစ်ပါတယ်။
အင်္ဂလန်ဟာ အမျိုးသားဥရောပချန်ပီယံဆုကို တစ်ကြိမ်မှမဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ၁၉၆၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ကွင်းတွင် အောင်ပွဲခံခဲ့ပြီးနောက် မည်သည့်အဓိကဆုဖလားကိုမှ မရရှိခဲ့တာဖြစ်ကာ တနင်္ဂနွေနေ့ ဗိုလ်လုပွဲကတော့ နိုင်ငံရဲ့ပြင်ပ၌ ပထမဆုံးအကြိမ် ကစားရတဲ့ ဖိုင်နယ်တော့ မဟုတ်ပါဘူး။ ဝင်ဘာလေမှာ အင်္ဂလန်က အီတလီကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ နာကျင်မှုတွေကျန်ရှိနေခဲ့တယ်လို့ ရိုက်စ်က ဝန်ခံခဲ့ပေမယ့် သူနဲ့ သူ့ရဲ့အသင်းဖော်တွေက အဲဒီအမှားကို ပြင်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
"အီတလီက ဒီဆုဖလားကို ရရှိခဲ့တာက ကျွန်တော့်ကို အမြဲတမ်း ခြောက်လှန့်နေပါလိမ့်မယ်။ အခု ကျွန်တော်တို့ ကိုယ်ပိုင်သမိုင်းရေးနိုင်တဲ့ နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ရလာပါပြီ။ ကျွန်တော်တို့က ကြီးကြီးမားမားလေးစားရမယ့် ထိပ်တန်းအသင်းတစ်သင်းနဲ့ကစားရမှာဖြစ်ပြီး ဒီအချိန်တွေကို ပျော်ရွင်ရမှာပါ။ ၁၅ နှစ် ၂၀ နှစ်တွေအတွင်း ပြန်တွေးကြည့်တော့ ဒီညတွေကို မှတ်မိနေမှာပါ" "ကျွန်တော်တို့က အဲဒါကိုလုပ်ဖို့ အရမ်းစိတ်အားထက်သန်နေပါတယ်။ ပြီးခဲ့တဲ့ပြိုင်ပွဲက အီတလီနဲ့ ကစားခဲ့ရသလိုမျိုး အထိုင်မကစားဘဲ ပွဲကိုထိန်းချုပ်ဖို့နှင့် ပွဲကို ထိန်းချုပ်နည်းနဲ့ နှိုင်းယှဉ်ရင် အခုလုပ်ရမယ့်အရာတွေကို ကျွန်တော်တို့ သိနေပါပြီ" "ဒီဖိုင်နယ်ကို ဘယ်လိုအနိုင်ရမလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါက အပြုသဘောဆောင်တယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ရိုက်စ်က ပြောပါတယ်။
ရိုက်စ်ဟာ အင်္ဂလန်ရဲ့ နောက်ဆုံးနှစ်ပွဲတွင် နောက်တန်း ၅ ဦးကစားကွက်သို့ ကူးပြောင်းမှုဟာ တိုးတက်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်အတွက် အဓိကသော့ချက်ဖြစ်ကြောင်း ဆောက်ဂိတ်အား ချီးကျူးပြောဆိုထားပြီး အသင်းဟာ သူ့အတွက် ဂုဏ်ကျက်သရေကို ဆောင်ကြဉ်းပေးစေလိုကြောင်း ပြောဆိုခဲ့ပါတယ်။
"ကျွန်တော်တို့ အထိုင်ပြန်ကစားတဲ့အခါ တောင့်တင်းတယ်လို့ ခံစားရတယ်။ ကွင်းထဲမှာ ကျွန်တော်တို့ အတူတူ တောင့်တင်းသန်မာတယ်လို့ ခံစားရပါတယ်။ ယူရိုရဲ့နောက်ဆုံးပွဲတွေမှာ နောက်တန်း ၅ ဦးကစားကွက်က တိုးတက်မှုရှိပြီး ကျွန်တော်တို့ ဘောလုံးကို ပိုကောင်းအောင် ထိန်းထားနိုင်လို့ပါပဲ။ ဖိအားတွေအောက်မှာ ဘောလုံးကိုယူပြီး ကိုင်ကစားလေ့ရှိတဲ့ ကလပ်အဆင့် ကစားသမားတွေ ရှိပါတယ်။ ကိန်းရဲ့နောက်သို့ ဘောလုံးဆင်းယူတဲ့ ကစားကွက်က ကျွန်တော်တို့နဲ့ အရမ်းကို လိုက်ဖက်ပါတယ်" "ဒါက ကျွန်တော်တို့နဲ့ လိုက်ဖက်ပါတယ်။ နည်းပြက ဖိုင်နယ်အတွက် ဘာလုပ်ပေးမလဲ မသိသေးပါဘူး။ သူက ၅ ဦးတွဲ ဒါမှမဟုတ် ၄ ဦးနဲ့ သွားမလားဆိုတာ မသိပါဘူး။ ကျွန်တော်တို့က ၅ ဦးနဲ့ တကယ်ကို သန်မာနေပုံရပါတယ်။ အဲဒါက ဖိုင်နယ်အတွက် အဆင်သင့်ပါပဲ။ ယူရိုဖိုင်နယ်မှာ ပြန်ကစားရပြီး ကောင်းကောင်းလုပ်နိုင်မယ်လို့ မျှော်လင့်ပါတဘ်။ နည်းပြအတွက်သာမကဘဲ အားလုံးအတွက်ဖြစ်ပါတယ်။ နည်းပြက ထိုက်တန်တယ်လို့လည်း ကျွန်တော်ထင်ပါတယ်" လို့ ရိုက်စ်က ပြောပါတယ်။