The network connection is lost.

Banner Image

နာပိုလီအသင်းထံပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ မန်စီးတီးစတား

သတင်းတွေအရ မန်စီးတီးဂန္ထဝင်ကွင်းလယ်လူ ဒီဘရိုင်းတစ်ယောက် အခုနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ နာပိုလီအသင်းထံပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အခုအပတ်စီးတီးအသင်းထံ နှုတ်ဆက်ခဲ့ပြီးနောက် ဒီဘရိုင်းဟာ လာမယ့်ဖူလ်ဟမ်နဲ့ပရီးမီးယားလိဂ်နောက်ဆုံးပွဲမှာ စီးတီးအတွက် ပါဝင်ကစားပေးမှာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံသားဟာ စီးတီးအသင်းမှာ ၁၀ နှစ်ကျော်ကြာဖြတ်သန်းခဲ့တာဖြစ်ပြီး လိဂ်ဖလား ၆ ကြိမ် ၊ ချန်ပီယံလိဂ် ၁ ကြိမ် နဲ့ အခြားဆုဖလားတွေရယူနိုင်ခဲ့ပါတယ်။ ESPN သတင်းဌာနရဲ့အဆိုအရ ဒီဘရိုင်းဟာ သူ့အနာဂတ်အတွက် ဆုံးဖြတ်ထားပြီးဖြစ်သလို နာပိုလီအသင်းထံပြောင်းရွှေ့နိုင်ချေရှိနေတယ်လို့ သိရပါတယ်။

မိုရက်တိုသတင်းဌာနကလည်း နာပိုလီဟာ အသက် ၃၃ နှစ်သားကို ၃ နှစ်စာချုပ်ကမ်းလှမ်းထားပြီး ပထမဆုံး ၂ နှစ်မှာ တစ်နှစ်ကို ပေါင် ၅ သန်းရရှိမှာဖြစ်ပြီး နောက်ဆုံးနှစ်မှာလည်း ယူရို ၅ သန်းရရှိမှာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ နဲ့ အာဆင်နယ်နောက်ခံလူဟောင်း ဗာမေလန်းကတော့ ဒီဘရိုင်းကို စာချုပ်သက်တမ်းမတိုးခဲ့တဲ့ စီးတီးရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် အာဆင်နယ်စတားက ဒီဘရိုင်းဟာ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်မျိုးရှိနေဆဲလို့ ထင်မြင်နေပါတယ်။ တနင်္ဂနွေနေ့ ဖူလ်ဟမ်နဲ့ပွဲအပြီးမှာ စီးတီးဟာ ကလပ်ကမ္ဘာ့ဖလားမတိုင်ခင် ခဏအနားယူမှာဖြစ်ပါတယ်။