The network connection is lost.

Banner Image

အသင်းဖော်အသစ်နဲ့အတူ ဂျိုတာကို ဂုဏ်ပြုခဲ့တဲ့ ဘိုင်ယန်စတား ကိန်း

စတုဂတ်အသင်းနဲ့ ဂျာမန်စူပါဖလားပွဲမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ကိန်းတစ်ယောက် အသင်းဖော်သစ် ဒီယက်ဇ်နဲ့အတူ ကွယ်လွန်ခဲ့တဲ့ လီဗာပူးစတား ဂျိုတာကို ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။ ကိန်း နဲ့ ဒီယက်ဇ်တို့ဟာ အဆိုပါစူပါဖလားပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ကြတာဖြစ်ပြီး ဒီယက်ဇ်က ဂိုးသွင်းပြီးနောက် အသင်းဖော်ဟောင်း ဂျိုတာနဲ့ကျော်ကြားတဲ့အောင်ပွဲခံပုံနဲ့ အောင်ပွဲခံခဲ့ပါတယ်။

အဆိုပါဂိုးဟာ ဒီယက်ဇ်အတွက် လီဗာပူးထံကနေ ဘိုင်ယန်ထံပြောင်းရွှေ့ပြီးနောက် ပထမဆုံးဂိုးလည်း ဖြစ်လာခဲ့ပါတယ်။ ၂၀၂၅ - ၂၆ ရာသီစတင်ချိန်မှာ ပရီးမီးယားလိဂ်အသင်းတွေဟာ ဂျိုတာကို ဂုဏ်ပြုခဲ့ကြတာဖြစ်ပြီး ကိန်းကလည်း အဆိုပါနိုင်ပွဲအပြီးမှာ အခုလိုမျိုးအခြေအနေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ဒီယက်ဇ်က ဂျိုတာနဲ့တွဲကစားဖူးသလို သူ့ကိုလည်း ကောင်းကောင်းသိပါတယ်။ တစ်ကမ္ဘာလုံးက အခုလိုမျိုးဂုဏ်ပြုလေ့ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူနဲ့အတူ ဂျိုတာအတွက် ဂုဏ်ပြုခွင့်ရတာက ကျေနပ်စရာပါ။  အခြေအနေတစ်ခုလုံးက ဝမ်းနည်းစရာပါ။ ကျွန်တော်တို့ အတူတူပိုလုပ်နိုင်လေ ကျွန်တော်တို့အချစ်တွေကိုပြသနိုင်လေပါ။ အဲ့တာက ပိုကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်ဟာ လာမယ့်သောကြာနေ့မှာ လိုက်ပ်ဇစ်အသင်းနဲ့ ဘွန်ဒက်စ်လီဂါအဖွင့်ပွဲကန်ရမှာဖြစ်ပါတယ်။