The network connection is lost.

Banner Image

ချဲလ်ဆီးစတားနဲ့ နှုတ်အားဖြင့် ရီးရဲလ်ကခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းတွေကဆို

သတင်းတွေအရ ချဲလ်ဆီးအသင်းကွင်းလယ်လူ ဖာနန်ဒက်ဇ်တစ်ယောက် ရီးရဲလ်အသင်းထံပြောင်းရွှေ့ဖို့ နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။သတင်းထောက် ရန်ဇိုရဲ့အဆိုအရ အသက် ၂၄ နှစ်သားဟာ ရီးရဲလ်ကစားသမားဖြစ်လာဖို့ နှုတ်အားဖြင့်သဘောတူထားကြောင်း ပြောကြားလိုက်ပါတယ်။

ဒါပေမယ့်လည်း ဘီဘီစီသတင်းဌာနကတော့ ချဲလ်ဆီးအနေနဲ့ အာဂျင်တိုင်းသားကို ရောင်းချဖို့အစီအစဉ်မရှိပဲ ဘင်ဖီကာအသင်းဆီကနေဝယ်ယူခဲ့တဲ့ ပေါင် ၁၀၆ သန်းထက်ပိုရမှသာ ရောင်းချနိုင်တယ်လို့ သိရပါတယ်။ ဖာနန်ဒက်ဇ်ဟာ ဒီရာသီချဲလ်ဆီးအသင်းအတွက် အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်သလို ကွန်းဖရန့်လိဂ်ဖိုင်နယ်တက်ရောက်နိုင်ခဲ့ရာမှာ  ကြီးမားတဲ့နေရာကနေ ပါဝင်ခဲ့ပါတယ်။

တကယ်လို့ သူ့အနေနဲ့ ရီးရဲလ်ပြောင်းမယ်ဆိုရင် ချဲလ်ဆီးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်လာနိုင်တာဖြစ်ပါတယ်။ ဘင်ဖီကာစတားဟောင်းဟာ ဒီရာသီအသင်းအတွက် ၂၀ ဂိုးအထိ ဖန်တီးထားနိုင်ခဲ့ပြီး အခုလအစောပိုင်းတုန်းက ချဲလ်ဆီးမှာ ပျော်နေတယ်လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အချက်အလက်တွေနဲ့ပတ်သက်ပြီး ပျော်ပါတယ်။ box-to-box ကစားသမားတစ်ဦးအနေနဲ့ ကျွန်တော့်ရဲ့ဂိုးတွေ နဲ့ ဂိုးဖန်တီးမှုတွေကို တကယ်ကျေနပ်မိပါတယ်။ အစတုန်းက အဲ့တာက ရုန်းကန်ခဲ့ရပါတယ်။ နည်းပြ မာရက်စ်ကာ ဘယ်လိုကစားချင်လဲဆိုတာကို သိဖို့ဆိုတာလည်း ခက်ခဲပါတယ်။ကျွန်တော်ကလည်း သူလိုချင်သလို ကစားနိုင်ခဲ့ပါတယ်။ အခုတော့ သူလိုချင်တဲ့အခြေအနေကို နားလည်နေပါပြီ”လို့ အန်ဇိုက ဖြေကြားခဲ့ပါတယ်။

အပြောင်းအရွှေ့မဖွင့်ခင်မှာ ဘောလုံးပရိသတ်တွေကြား ရီးရဲလ်အနေနဲ့ အန်ဇိုကို ကမ်းလှမ်းမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ တနင်္ဂနွေနေ့မှာ ရာသီပိတ်နောက်ဆုံးပွဲအဖြစ် နော်တင်ဟမ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။