The network connection is lost.

Banner Image

အေဂျက်စ်နောက်ခံကြယ်ပွင့် ဟာတိုကိုခေါ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်လိုက်တဲ့ ချဲလ်ဆီး

ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်ပိုင်းကို အဓိကအင်အားဖြည့်တင်းနေခဲ့တဲ့ ချဲလ်ဆီးဟာ ယခုအခါမှာတော့ ခံစစ်ကိုပါအင်အားဖြည့်တင်းဖို့ပြင်ဆင်လာခဲ့ပြီး အေဂျက်စ်နောက်ခံကြယ်ပွင့် ဂျော်ရဲလ်ဟာတိုကို ကမ်းလှမ်းမှုပြုလုပ်လာခဲ့တယ်လို့သိရပါတယ်။ 

အသက်-၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဟာတိုဟာ ဘယ်နောက်ခံနေရာမှာသာမက ဗဟိုခံစစ်မှာပါ ခြေစွမ်းပြသကစားနိုင်သူဖြစ်ပြီး နယ်သာလန်ဘောလုံးလောကရဲ့ အတောက်ပဆုံး နောက်ခံလူတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ ကစားသမားဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ပွဲထွက်ခဲ့ပြီး ယခုအခါမှာတော့ ဥရောပထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်စာရင်းထဲရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ဟာတိုဟာ အေဂျက်စ်ရဲ့အဓိကနောက်ခံလူတစ်ယောက်အဖြစ်နေရာပေးခြင်းခံခဲ့ရပြီး ထိပ်သီးကလပ်တွေရဲ့ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် နယ်သာလန်မြေမှာပဲ ဆက်လက်နေထိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ဟာ နောက်ခံလူကိုခေါ်ယူဖို့ ကြိုးစားခဲ့သလို၊ ယခုနွေရာသီမှာလည်း ပစ်မှတ်ထားစောင့်ကြည့်နေဆဲဖြစ်ပါတယ်။ 

ချဲလ်ဆီးအနေနဲ့ ဟာတိုရဲ့ စွယ်စုံရ ကစားဟန်ကိုသဘောကျနေတယ်လို့သိရပြီး အန်ဇိုမာရက်စ်ကာအတွက်ခေါ်ယူပေးဖို့ ကြိုးစားလာခဲ့တာဖြစ်ပါတယ်။ မာရက်စ်ကာကတော့ ကွင်းလယ်ကိုပါကူညီပေးနိုင်တဲ့ ကစားသမားမျိုးအလိုရှိနေတာကြောင့် ဟာတိုအနေနဲ့ အီတလီသားရဲ့နည်းစနစ်မှာ အံဝင်ခွင်ကျဖြစ်အောင် ကစားနိုင်ချေရှိနေပါတယ်။ လက်ရှိအချိန်မှာ‌တော့ ချဲလ်ဆီးအနေနဲ့ ဟာတိုကိုခေါ်ယူဖို့ ပြောင်းရွှေ့ကြေးဘယ်လောက်နဲ့ကမ်းလှမ်းထားတယ်ဆိုတာ အတိအကျမသိရှိရသေးပါဘူး။ တစ်ချိန်တည်းမှာပဲ ကလပ်ကမ္ဘာ့ဖလားချန်ပီယံအသင်းဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် အလီဂျန်ဒရိုဂါနာချိုကိုခေါ်ယူနိုင်ဖို့အတွက်လည်း တွန်းအားပေးလုပ်ဆောင်နေပါတယ်။