The network connection is lost.

Banner Image

ရာသီကြိုခြေစမ်းပွဲဖြစ်တဲ့ ဆဲလ်တစ်နဲ့ပွဲမှာ ရုန်းကန်ခဲ့ရတဲ့ ချဲလ်ဆီး

ဒုတိယမြောက် ရာသီကြိုခြေစမ်းပွဲမှာတော့ ချဲလ်ဆီးအသင်းဟာ ဆဲလ်တစ်ကို ၄-၁ ဂိုးဖြင့် ရှုံးခဲ့တာဖြစ်ပြီး နည်းပြသစ် မာရက်စ်ကာကတော့ အရှုံးကို လက်ခံလိုက်ရပြီဖြစ်ပါတယ်။

အင်နီယားနားမှာ ကစားခဲ့တဲ့ ဆဲလ်တစ်နဲ့ ဒုတိယမြောက် ခြေစမ်းပွဲမှာ မာရက်စ်ကာက ချဲလ်ဆီးကို ဦးဆောင်ခဲ့တာဖြစ်ပြီး အသင်းက ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဝရက်စ်ဟမ်းနှင့် ၂-၂ ဂိုး သရေကျရာနေ ရုန်းထွက်ဖို့ လုပ်ခဲ့ပုံရသော်လည်း ဆဲလ်တစ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။ ဆဲလ်တစ်ဟာ ခြေစမ်းပွဲ ၅ ပွဲအထိ ကစားထားတာဖြစ်ပြီး နှစ်သင်းကြားက ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ကွာဟချက်ကြောင့် ဖြစ်မယ်လို့ အီတလီနိုင်ငံသားနည်းပြက ထင်နေပါတယ်။

ကလပ်ရဲ့မီဒီယာသို့ မာရက်စ်ကာက "လက်ရှိအချိန်မှာ ရလဒ်က အရေးကြီးတယ်ဆိုတာ သေချာပါတယ်။ ပွဲကို ယေဘုယျအားဖြင့် စမ်းစစ်ဖို့ လိုပါတယ်။ ဘောလုံးရရှိအနေအထားက ပထမပိုင်းနဲ့ ဒုတိယပိုင်းက အခွင့်အရေးတွေကို ရေတွက်ကြည့်မယ်ဆိုရင် ဝရက်စ်ဟမ်းနှင့်ပွဲထက် အသင်းက ၁၀ ဆ လောက် ပိုကောင်းခဲ့ပါတယ်။ အခြားအချိန်တွေမှာတော့ ကျွန်တော်တို့ တိုးတက်ဖို့လိုအပ်နေပါတယ်။ လုပ်ဆောင်မှုအပိုင်းတွေမှာ ကျွန်တော်တို့က ဘယ်လိုကစားရလဲဆိုတဲ့အပေါ် ရှုပ်ထွေးမှုတွေရှိနေတယ်ဆိုတာ မြင်နိုင်ပါတယ်"

"ကျွန်တော့်အတွက်ကတော့ သူတို့နဲ့ ကျွန်တော်တို့ကြားက ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ကွာဟချက်ကို မြင်နိုင်ဖို့က အရေးကြီးပါတယ်။ ရာသီကြိုအတွက် သူတို့အသင်းက ၄ ပွဲလောက်ကစားပြီးတာကို တွေ့မှာပါ။ နောက်ပြီး သူတို့ရဲ့ တရားဝင်ရာသီသစ်ကိုလည်း စတင်တော့မှာပါ။ ကျွန်တော်တို့အတွက်ကျပြန်တော့ ရုပ်ပိုင်းဆိုင်ရာမှာ အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်"
"ကျွန်တော်တို့ကြားက အကြီးမားဆုံးကွာဟချက်က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဖြစ်ပါတယ်။ သူတို့ဟာ ရာသီသစ်ကိုစတင်တော့မှာဖြစ်ပေမယ့် ကျွန်တော်တို့က ရာသီကြိုအတွက် လုပ်ဆောင်နေတုန်းဖြစ်တဲ့ အသင်းပါ။ ကျွန်တော်တို့ရဲ့ ကစားသမား အချို့က ၄၅ မိနစ်လောက်သာ ကစားခဲ့ရပြီး ဒါဟာ ကြီးမားတဲ့ ကွာဟမှုဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဒီရှုံးနိမ့်မှုက အသင်းအတွက်ပြင်ဆင်ရာမှာ မတူညီမှုတွေဖြစ်စေပြီး ရုပ်ပိုင်းဆိုင်ရာကလွဲပြီး အခြားနေရာတွေမှာ ပြဿနာတွေရှိနေတယ်ဆိုတာကို သူက လက်ခံထားပါတယ်။ "ဘောလုံးမရရှိနေတဲ့အချိန်တွေမှာ ကျွန်တော်တို့က တိုးတက်ဖို့အများကြီးလိုပါတယ်။ အားလုံးပြောထားသလိုပဲ ဒီနေ့ ကျွန်တော်တို့ရဲ့ကစားပုံက ဆိုးရွားခဲ့ပြီး ဖိအားပေးမှုတွေမရှိကာ High line ကစားခဲ့သော်လည်း ဖိအားမပေးနိုင်ခဲ့တဲ့အတွက် ပြန်ချဖို့လိုအပ်ပါတယ်" "ဘောလုံးရရှိတဲ့အချိန်နဲ့ မရရှိနေတဲ့အချိန်တွေမှာ ရှုပ်ထွေးမှုတွေရှိနေတုန်းပါ။ ပုံမှန်အားဖြင့်တော့ ဒီလိုအချိန်တွေမှာ ကျွန်တော်တို့က အသစ်တစ်ခုကို လုပ်ဖို့ကြိုးစားနေတာကြောင့် တစ်ပွဲပြီးတစ်ပွဲနဲ့ လေ့ကျင့်ရေးတစ်ခုပြီးတစ်ခုမှာတော့ ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေမှာပါ" လို့ မာရက်စ်ကာက ပြောပါတယ်။

၃၁ ရက် ဗုဒ္ဓဟူးနေ့ အတ္တလန္တာက မာစီဒီးဘန်းဇ်ကွင်းမှာတော့ ချဲလ်ဆီးဟာ ကလပ်အမေရိကနှင့်ကစားမှာဖြစ်ပြီး မက္ကဆီကိုကလပ်က ရာသီဝက်အနေအထားမှာ ကစားနေတာဖြစ်ပြီး နောက်ထပ် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု လွဲချော်မှုကို မျှော်လင့်လို့ရနေပါတယ်။ မာရက်စ်ကာကတော့ သူ့အသင်းသားတွေထံက အကောင်းဆုံး ခြေစွမ်းပြသဖို့ကို မျှော်လင့်နေမှာပါ။