စနစ်တကျ ဖွဲ့စည်းတည်ဆောက်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတွေမှာ ဆရာကျသူ
၂၀၁၂ခုနှစ်နောက်ပိုင်း ရန်းနစ်ဟာ များစွာသောကလပ်အသင်းတွေရဲ့ အားကစား ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ သတိပြုစရာတွင် ရက်ဘူးလ်အသင်းတစ်သင်းဖြစ်တဲ့ လိုက်ပ်ဇစ်ကို စတုတ္ထတန်းလိဂ်ကနေ ဘွန်ဒက်စ်လီဂါအထိ ရောက်အောင် ဆွဲတင်ပေးခဲ့တာ ဖြစ်ပါတယ်။ သူဟာ လက်ရှိတွင် လိုကိုမိုးတစ်မော်စကိုရဲ့ အားကစားနှင့် ဖွံဖြိုးတိုးတက်ရေး အကြီးအကဲအဖြစ် လုပ်ကိုင်နေပါတယ်။
ဟော်စတိန်းက ပြောရာတွင် “သူရဲ့ အနာဂတ်မှာ ရှိနေမယ့် အလုပ်က အမှန်တကယ်ရော ပါဝါရှိနိုင်မလားဆိုတာ မသေချာပါဘူး ယူနိုက်တက်က သူ့အတွက် လုပ်ပိုင်ခွင့်တွေ ပေးမယ်လို့မထင်ပါဘူး” ဟု ဆိုသည်။ ဒါပေမဲ့ ရန်းနစ်ဟာ သူရဲ့ ဘဝတစ်လျောက် သူကိုယ်တိုင် ကုမ္ပဏီတစ်ခု ဖွဲ့စည်းနိုင်သလို ကလပ်အသင်းများစွာ၊ အဖွဲ့အစည်းများစွာရဲ့ အားကစားဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိထားပါတယ်။
ဒါဟာာ ရန်းနစ်ရဲ့ လေ့လာထားတဲ့ အရာတွေကို ပြန်အသုံးချပြီး လိုအပ်တဲ့သူတိုင်းကို ပြန်လည် သင်ကြားပေးနိုင်မယ်လို့ ယူဆရပါတယ်။ သူကိုယ်တိုင် အသင်းအပေါ် လိုအပ်တာတွေကို အကြံပေးနိုင်ပြီး အထက်တာဝန်ရှိသူတွေ မကြိုက်ဘူးဆိုလည်း အေးဆေးသူအလုပ်သူလုပ်ရုံပါဘဲ။ သူဟာ သူအလုပ်နဲ့ အတွေ့အကြုံအရတော့ လိုအပ်တာထက်တောင် ထိန်းချုပ်မှု အပြည့်အ၀ ရသင့်တဲ့ သူတစ်ယောက်ပါဘဲ။
ဖန်နယ်စတိုင်းက ပြောပြချက်အရ ရန်းနစ်ကို ဂျာမနီမှာ ဘောလုံးပရော်ဖက်ဆာလို့ ခေါ်ကြပါတယ်။ သူလုပ်သမျှ အရာအားလုံးတိုင်းက အလုပ်ဖြစ်ပါတယ် ကလပ်တိုင်းမှာ သူဖွဲ့စည်းတည်ဆောက်သမျှတွေဟာ အံ့အားသင့်စရာတွေ ချည်းပါဘဲ လို့ဆိုပါတယ်။ ဆဲလ်ဘတ်အသင်းကို ထိပ်တန်းကလပ်ဖြစ်အောင် တည်ဆောက်ခဲ့သလို လိုက်ပ်ဇစ်ရဲ့ လေ့ကျင်ရေးကနေ ပရော်ဖက်ရှင်နယ်အသင်းတစ်သင်းဖြစ်အောင် လူငယ်ဖွံဖြိုးတိုးတက်ရေးစီမံကိန်းမှာ တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွတ်ပေးခဲ့ပါတယ်။ ရန်းနစ်ရဲ့ စုစည်းမှု၊တည်ဆောက်ပုံနှင့် အစီအမံတွေနဲ့အတူ ယူနိုက်တက်အနာဂတ်ဟာ အမှန်တကယ် ပြောင်မြောက်လှနိုင်ပါတယ်။
လိုက်ပ်ဇစ်နောက်ပိုင်း ဘဝရှင်သန်မှုကို ကြည့်ရင် သူဟာ နည်းပြအလုပ်ထက် အကြံပေးပုံစံအဖြစ်နဲ့သာ အာသီသများတဲ့သူအဖြစ် ထင်ရှားပါတယ်။ သူရဲ့ ဘောလုံးနဲ့ပက်သက်တဲ့ လုပ်သမျှ အရာအားလုံးက ကောင်းစွာ အလုပ်ဖြစ်ခဲ့တာကို ကြည့်ရင် ယူနိုက်တက်မှာ သူရောက်လာပြီး အကောင်းဆုံးမဟုတ်တောင် အခြေခံကျမယ့် အရာတွေကို တည်ဆောက်ပေးသွားမယ်ဆိုရင် အားလုံးလည်း ပျော်ရွှင်ဖို့များပါတယ်။ ရန်းနစ်ဟာ ယူနိုက်တက်ကို နည်းပြအဖြစ်နဲ့ရော အသင်းမှာ ရှိတဲ့ လိုအပ်ချက်မှန်သမျှ အကြံပေးနေသူ အဖြစ် လုပ်ကိုင်သွားနိုင်ပါတယ်။ အလားတူ အဆင်ပြေပါက ယူနိုက်တက်ရဲ့ အနာဂတ် နည်းပြချုပ်အဖြစ်ပါ မြင်တွေ့ရနိုင်ပါတယ်။
အားလုံးကတော့ ဖြစ်နိုင်စွမ်းတွေ ရှိနေပါတယ် ဘယ်လိုဘဲဖြစ်ဖြစ် ရန်းနစ်ရဲ့ ဘောလုံးဒဿနကတော့ အဆင့်တစ်ခုမှာ ရှိပြီး အောင်မြင်မှု ရလဒ်တစ်ခု ပေါ်ထွက်အောင် လုပ်ကိုင်တတ်တဲ့ သူမျိုးလည်း ဖြစ်ပါတယ်။