The network connection is lost.

Banner Image

ဆော်ဒီမြေရဲ့မြင့်မားတဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ချဲလ်ဆီးစတား စတာလင်

သတင်းတွေအရ ချဲလ်ဆီးစတား စတာလင်တစ်ယောက် ပြီးခဲ့တဲ့နွေရာသီတုန်းက ဆော်ဒီကလပ်အသင်းတစ်သင်းရဲ့မြင့်မားတဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါအနေအထားဟာ အင်္ဂလန်သားတစ်ယောက် ဆော်ဒီလိဂ်မှာ တတိယမြောက်လုပ်ခလစာအများဆုံးကစားသမားဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စတာလင်က ချဲလ်ဆီးအသင်းမှာပဲ နောက်တစ်ရာသီဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
 
တယ်လီဂရက်ဖ်သတင်းဌာနရဲ့အဆိုအရ စတာလင်ဟာ ဆော်ဒီကလပ်အသင်း တစ်သင်းရဲ့ ချဲလ်ဆီးအသင်းမှာရနေတဲ့ လုပ်ခလစာထက် ၃ ဆပိုများတယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်သားဟာ ချဲလ်ဆီးအသင်းမှာ တစ်ပတ်လုပ်ခပေါင် ၃ သိန်းလောက်ရရှိနေတာဖြစ်ပါတယ်။
 
အဆိုပါလုပ်ခလစာဟာ ရော်နယ်ဒိုပြီးနောက် ဆော်ဒီလိဂ်ရဲ့ လုပ်ခလစာအများဆုံးတွေထဲက တစ်ယောက် ဖြစ်လာဖွယ်ရှိနေပါတယ်။ ဒါပေမယ့် စတာလင်က အဆိုပါကမ်းလှမ်းမှုကို ပယ်ချပြီး ချဲလ်ဆီးမှာ တစ်ရာသီဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
 
အင်္ဂလန်စတားဟောင်းဟာ ၂၀၂၂ တုန်းက မန်စီးတီးကနေ ချဲလ်ဆီးထံ ၅ နှစ်စာချုပ်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ စတာလင်ဟာ ချဲလ်ဆီးအတွက် ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံ ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ဂိုးတွေဟာ ချဲလ်ဆီးအသင်းကို အဆင့် ၁၄ နေရာကနေ မတက်စေနိုင်ခဲ့တာဖြစ်ပါတယ်။
 
ဒီရာသီမှာတော့ စတာလင်ဟာ ၅ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပြီး သူ့ထက်ပိုများတဲ့ကစားသမားအဖြစ် ပယ်လ်မာက ရပ်တည်နေပါတယ်။ စတာလင်ကတော့ လာမယ့်စနေနေ့ အသင်းဟောင်း မန်စီးတီးနဲ့ရင်ဆိုင်မယ့်ပွဲမှာ ပါဝင်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။
 
အဆိုပါပွဲကိုအနိုင်ရခဲ့မယ်ဆိုရင် ချဲလ်ဆီးဟာ အဆင့် ၁၀ နေရာကနေ ၇ နေရာအထိ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပိုချက်တီနိုလက်အောက်မှာ ပထမဆုံးချန်ပီယံဆုရယူနိုင်မယ့် အခွင့်အရေးရှိနေပြီး လာမယ့်အပတ်မှာ ကာရာဘောင်ဖလားဖိုင်နယ်ပွဲအဖြစ် လီဗာပူးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
 
စတာလင်ဟာ စီးတီးအသင်းနဲ့အတူ အဆိုပါဆုဖလား ၅ ကြိမ်အထိ ရယူထားနိုင်ခဲ့ပြီး ၂၀၁၈ ကနေ ၂၀၂၁ အထိက ၄ ကြိမ်ဆက်ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။