The network connection is lost.

Banner Image

အိပ်မရတဲ့ညတွေ ဖန်တီးပေးနေတဲ့ ပီအက်စ်ဂျီလို့ အန်းစလော့ ဝန်ခံပြောဆို

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရတဲ့ခရီးလမ်းက သူ့အတွက် အိပ်မပျော်တဲ့ညတွေ ဖန်တီးပေးခဲ့တယ်လို့ လီဗာပူးနည်းပြအန်းစလော့က ဝန်ခံပြောဆိုခဲ့ပါတယ်။ လီဗာပူးအသင်းက ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပထမအကျော့ယှဉ်ပြိုင်ကစားဖို့ ပါရီမြေဆီ ခရီးထွက်ခဲ့ရပြီး လူးဝစ်အင်းနရစ်အသင်းရဲ့လွှမ်းမိုးမှုကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ကြိုးကြာနီတွေက ပီအက်စ်ဂျီရဲ့တိုက်စစ်လှိုင်းလုံးတွေကို ကျော်ဖြတ်ပြီး အီလီယော့ရဲ့အဖိုးတန်နောက်ကျအနိုင်ဂိုးနဲ့အတူ ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် ပြိုင်ဘက်ကို အနည်းငယ်အသာစီးရယူနိုင်ခဲ့ပါတယ်။ အန်ဖီးလ်မှာရင်ဆိုင်ရမယ့် ဒုတိယအကျော့ပွဲစဉ်အတွက် ပြင်ဆင်နေချိန်မှာပဲ အန်းစလော့က သူ့အတွက် အိပ်မပျော်တဲ့ညတွေ ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်ဖီးလ်မှာ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ်လို့ အိပ်မက်,မက်ဖူးသလားဆိုတဲ့ မေးခွန်းကို အန်းစလော့က “ No. အဲ့ဒီအိပ်မက်မျိုး မရှိပါဘူး။ အကောင်းဆုံးနည်းလမ်းနဲ့ အသင်းကို ပြင်ဆင်ပေးဖို့ ကြိုးစားလုပ်ဆောင်သွားရပါမယ်။ ပွဲစဉ်တိုင်းအတွက်လည်း ဒီလိုပဲ ကျွန်တော်ကြိုးစားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ပွဲစဉ်လိုမျိုး ကြုံတွေ့ထားရချိန် အိပ်ပျော်နိုင်သေးတယ်ဆိုရင် အံ့သြစရာပါပဲ။ အခုသီတင်းပတ်အတွက်လည်း ကျွန်တော် အိပ်မက်မမက်ထားပါဘူး။ ကျွန်တော်တို့ အာရုံစိုက်ထားပြီး စနေနေ့ပွဲစဉ်ကို အကောင်းဆုံးအဆုံးသတ်ကာ အခုသီတင်းပတ်ကို စတင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မနက်ဖြန်ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကို စောင့်မျှော်နေပါပြီ။ လူတိုင်းလည်း အခုလိုပွဲစဉ်မျိုးကို စောင့်မျှော်နေကြပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

ပထမအကျော့ပွဲစဉ်အပြီး ပီအက်စ်ဂျီကစားသမားတွေက လီဗာပူးကို အုပ်စုတွင်းရင်ဆိုင်ခဲ့ရဖူးတဲ့ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်တို့လောက် စွမ်းဆောင်ရည်မကောင်းဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအခြေအနေအပေါ် အန်းစလော့က သူ့ရဲ့အတွေးအမြင်တွေ မျှဝေလာခဲ့ပါတယ်။

သူက “ ကျွန်တော်ကြားမိသလောက် အချို့ပီအက်စ်ဂျီကစားသမားတွေက ကျွန်တော်တို့အသင်းထက် အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်တို့ ပိုကောင်းတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ပီအက်စ်ဂျီကလည်း ဒီနှစ်လ၊ သုံးလလောက်အတွင်းမှာ ပိုကောင်းလာခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်နှစ်ခုကိုလည်း ကျွန်တော်ကြည့်ရှုခဲ့ရပြီး ပီအက်စ်ဂျီက အများကြီးတိုးတက်လာခဲ့ပါပြီ။ အခုဆိုရင် သူတို့တွေက ကွင်းတွင်းနေရာစုံမှာ ဖိအားပေးကစားနေပါပြီ။ ဒါကြောင့် သူတို့တွေ ပြောင်းလဲလာခဲ့ပါတယ်။ အမှန်ပါပဲ၊ သူတို့တွေ ဘယ်လိုခံစားနေရသလဲဆိုတာ သူတို့နဲ့ပဲ သက်ဆိုင်ပါတယ်။ ကျွန်တော်က သူတို့ရဲ့ခံစားချက်အပေါ် လွှမ်းမိုးလို့ မရသလို မှန်သလား၊ မှားသလားဆိုတာတောင် မသိပါဘူး။မနက်ဖြန်ပွဲစဉ်မှာ သူတို့အတွက် အခြားမတူညီတဲ့အတွေးအမြင်တစ်ခု ရှိလာဖို့ ကျွန်တော်မျှော်လင့်ထားပါတယ်။

သူတို့တွေက ကျွန်တော်တို့ အခုအချိန်အထိ ရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်တွေအနက် အတောင့်တင်းဆုံးအသင်းတစ်ခု ဖြစ်ပါတယ်။ အမှန်ပါပဲ၊ ကျွန်တော်တို့တွေ အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးတို့လိုပြိုင်ဘက်တွေနဲ့ ကစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီမှာရှိနေတဲ့အရည်အသွေးတွေက အလွန်များပြားသလို နည်းပြကောင်းတစ်ဦးနဲ့အတူ အချမ်းသာဆုံးကလပ်အသင်းတစ်ခုတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ယှဉ်ကစားဖို့မလွယ်ကူတဲ့နည်းလမ်းတစ်ခုနဲ့ သူတို့တွေ ကစားနေပြီး မယုံကြည်နိုင်စရာလုပ်အားနှုန်းမျိုးလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်ပဲ မနက်ဖြန်ပွဲစဉ်မှာ ကျွန်တော်တို့တွေ အကောင်းဆုံးပုံစံရှိနေဖို့ လိုအပ်နေခြင်း ဖြစ်ပါတယ်။ အိမ်ကွင်းမှာဆိုရင် ကျွန်တော်တို့က မန်စီးတီးနဲ့ရင်ဆိုင်ရတဲ့အဝေးကွင်းပွဲစဉ်ထက်တောင် ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ရှိခဲ့ဖူးပါတယ်”လို့ ပြောပါတယ်။

အိမ်ကွင်းပရိသတ်တွေရှေ့မှောက် လီဗာပူးအသင်းက ဘရုဂျက်(သို့မဟုတ်)အက်စတွန်ဗီလာနဲ့ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ဖို့အတွက် မျှော်လင့်နေပါလိမ့်မယ်။