ဝရက်ဇ်ဟမ်းနှင့် သရေကျမှုတွင် မာရက်စ်ကာရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်ရှုတ်ချခဲ့တဲ့ ချဲလ်ဆီးဂန္တဝင်
ကယ်လီဖိုးနီးယားပြည်နယ် ဆန်တကလာရာရှိ Levi's အားကစားကွင်း၌ ကစားခဲ့တဲ့ ပထမဆုံးခြေစမ်းပွဲတွင် ချဲလ်ဆီးဟာ လိဂ်ဝမ်းမှအသင်းနှင့် ၂-၂ ဂိုး သရေကျခဲ့ပါတယ်။
အန်ကွန်ကူက ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် အူဂိုချာကူရဲ့ ဘောလုံးပေးပို့မှုက မှားယွင်းခဲ့ပြီး လူကိုဘာ်လ်တွန်ရဲ့ ကန်ချက်ကို မကာကွယ်နိုင်ခဲ့တာကြောင့် ပွဲကစားချိန် ၅၈ မိနစ်မှာ သရေကျစေမယ့်ဂိုးကို ပေးခဲ့ရတာဖြစ်ပါတယ်။
၁၃ မိနစ်အကြာ လူငယ်လေး အေချမ်ပေါင်က တိုက်စစ်ဆင်ဖို့ ကြိုးစားသော်လည်း ဘောလုံးက ပြိုင်ဘက်ထံရောက်ရှိသွားခဲ့ပြီး မောရစ်က ဝရက်ဇ်ဟမ်းကို ၂-၁ ဂိုးဖြင့် ဦးဆောင်စေနိုင်မယ့် ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။
သူ့ရဲ့အမှားကိုချေဖျက်နိုင်ဖို့ အူဂိုချာကူက သရေကျစေမယ့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သော်လည်း ချဲလ်ဆီးနောက်ခံလူဟောင်း လီဘိုယာက မာရက်စ်ကာရဲ့ အတွေးအခေါ်ကို သဘောမကျဘူးလို့ ဝန်ခံခဲ့ပါတယ်။
ပွဲအပြီးမှာ "တစ်ခါတရံ နောက်တန်းကနေ တည်ဆောက်ဖို့ ကြိုးစားတဲ့ အသင်းတွေက ဂိုးတွေ ပေးလိုက်ပေမယ့် ပေးထားရတဲ့ဂိုးတွေထက် ပိုပြီးသွင်းယူနိုင်မယ်လို့ ကျွန်တော်ထင်မိပါတယ်" လို့ ပြောထားတဲ့ အီတလီသား နည်းပြနဲ့လည်း သူက သဘောထားကွဲလွဲခဲ့ပါတယ်။
နောက်တန်းကနေ ရုန်းထွက်ကစားတာက သတ္တိရှိလား မိုက်မဲသလားလို့ ESPN က မေးတဲ့အခါ လီဘိုယာက "ဒါဆိုတော့ လွဲချော်ပြီး ဂိုးပေးလိုက်ရတဲ့အခါ မိုက်မဲနေပုံရပါတယ်။ အဲဒါ သေချာတယ်။ အဲဒါက ဘာလဲ၊ အဲဒါက အမှန်ပါပဲ" လို့ ပြောပါတယ်။
သူက ဆက်လက်ပြီး "မာရက်စ်ကာရဲ့ ပြောတဲ့စကားနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြောရမယ်ဆိုရင် နောက်တန်းကနေ တည်ဆောက်ပြီး ပေးဂိုးထက် ဂိုးတွေပိုသွင်းနိုင်တယ်ဆိုတာ သက်သေပြနေတယ်ဆိုတာ ကျွန်တော်မသိပါဘူး"
"ကျွန်တော်က အဲဒါကို သဘောမကျပါဘူး။ ခင်များက ဘောလုံးကို ထိန်းချုပ်ပြီး ပြိုင်ဘက်ကို လွယ်လွယ်နဲ့ မပေးချင်ပေမယ့် ဒါဟာ အန္တရာယ်တစ်ခုလို့ ကျွန်တော်နားလည်မိပါတယ်"
"တခါတရံမှာ အထူးသဖြင့် ဂိုးသမားတွေနဲ့ နောက်တန်းတွေဟာ ကျွန်တော့်အတွက် အန္တရာယ်အရမ်းများပါတယ်" လို့ ပြောပါတယ်။
လီဘိုယာက မာရက်စ်ကာအနေနနဲ့ ရာသီကြိုခြေစမ်းပွဲမှာ ကစားသမားတွေကို နောက်တန်းကနေ ထွက်ကစားခိုင်းဖို့အတွက် ကြိုးစားခွင့်ရှိကြောင်း လက်ခံထားပါတယ်။
"ဒါပေမယ့် အဆင်မပြေရင် ပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေရပါမယ်။ ကစားသမားတွေနဲ့ နောက်တန်းမှာ ရှိတဲ့သူတွေက မလုပ်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့က အနည်းနည်းလောက်ထပ်တင်ပြီး ကစားသွားရမှာပါ"
"ဒါပေမယ့် အခုက လေ့ကျင့်ရေးအစီအစဉ်ပါ။ ဒါဟာ ရာသီကြိုပါ။ လိုချင်သမျှကိုကြိုးစားနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးနေ့ကို အကဲဖြတ်ရမယ့်နေ့ပါ"
"ဒါကို ရအောင်ကြိုးစားရတာ ခက်ပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်က တခြားခေတ်နဲ့သက်ဆိုင်တယ်လို့ ထင်ပါတယ်" လို့ သူက ပြောပါတယ်။
ချဲလ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်က မာရက်စကာနှင့် ပတ်သက်၍ "ပထမဆုံး သတင်းစကားကတော့ သူ့ ကစားကွက်ကို နှစ်သက်ပါတယ်။ သူကလည်း ကစားရတာကို ကြိုက်ပါတယ်"
"သူက နည်းဗျူဟာကြွယ်ဝပြီး အချက်အလက်တွေ အများကြီး၊ နားလည်မှုတွေ အများကြီးနဲ့ ကစားကွက်တွေ အများကြီးနဲ့ အမှားတွေကနေ မြန်မြန်ဆန်ဆန် သင်ယူတတ်မြောက်ဖို့ပါပဲ" လို့ ပြောပါတယ်။
ကစားပွဲအပြီးမှာ မာရက်စ်ကာက "သေချာတာတစ်ခုကတော့ ကျွန်တော်တို့က တိုးတက်နိုင်တဲ့ အရာတွေ အများကြီး လုပ်ခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကပဲ ကျွန်တော်တို့ စတင်ခဲ့တာပါ။ ဒီနေ့ည အသင်းကဘာလဲဆိုတာကို စတင်တွေ့မြင်ဖို့က အရေးကြီးပါတယ်" လို့ ပြောပါတယ်။