The network connection is lost.

Banner Image

အိုဆီမင်ကို အငှားနဲ့ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ချဲလ်ဆီး

အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီးအသင်းဟာ နာပိုလီတိုက်စစ်မှူး အိုဆီမင်ကို အငှားနဲ့ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

နာပိုလီဘက်ကတော့ ချဲလ်ဆီးတိုက်စစ်မှူး လူကာကူကို အပြီးသတ်ခေါ်ယူချင်နေပြီး ၂ သင်းကြား အပြောင်းအရွှေ့အတွက် ဆွေးနွေးနေပါတယ်။ ချဲလ်ဆီးဘက်က အိုဆီမင်ကို အငှား + အပြီးသတ်ခေါ်ယူခွင့်နဲ့ ဆွေးနွေးနေပြီး ရာသီသစ်မတိုင်ခင် သဘောတူညီမှုရယူနိုင်ဖို့ အလိုရှိနေပါတယ်။

အိုဆီမင်ရဲ့တန်ကြေးက ပေါင်သန်း ၁၁၀ ရှိနေတာကြောင့် ဆွေးနွေးမှုတွေမှာ စိန်ခေါ်မှုတွေရှိနေပါတယ်။ ပီအက်စ်ဂျီကလည်း နာပိုလီတိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် နာပိုလီတောင်းဆိုတဲ့တန်ကြေးကြောင့် လက်လျှော့သွားခဲ့ပြီဖြစ်ပါတယ်။

နာပိုလီနည်းပြ ကွန်တီကလည်း အိုဆီမင်ကို အသင်းရဲ့ရာသီကြိုခြေစမ်းပွဲ  လူစာရင်းကနေ ချန်လှပ်ထားခဲ့ပါတယ်။ ဒါပေမယ့် အဲ့တာက ချဲလ်ဆီးအတွက် သတင်းကောင်းဖြစ်လာခဲ့ပြီး လူကာကူနဲ့ အိုဆီမင်တို့ကြား အလဲအထပ်သဘောမျိုး လုပ်ဆောင်လာဖွယ်ရှိနေပါတယ်။

လူကာကူကတော့ လာမယ့်အပတ်ထဲမှာ ချဲလ်ဆီး အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ပြန်လာဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းက ရာသီကြိုခရီးစဉ်က မပြန်လာခင်မှာ လူကာကူအပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။