The network connection is lost.

Banner Image

ပီအက်စ်ဂျီအနေနဲ့ အခုထက်ပိုပြီး မတိုးတက်ပါက ပြန်လည်ကျဆုံးသွားနိုင်တယ်လို့ အင်းနရစ်ပြော

ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က အသင်းအနေနဲ့ အခုထက်ပိုပြီး တိုးတက်မှုရှိမလာပါက ပြန်လည်ကျဆုံးသွားနိုင်ကြောင်း အသင်းသားတွေကို သတိပေးစကားဆိုလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးထားနိုင်တဲ့ ပီအက်စ်ဂျီဟာ ယခုအခါ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ ထိပ်တိုက်‌တွေ့ဆုံနေတာဖြစ်ပြီးနောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ဖို့ အနိုင်ကစားသွားရမှာဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီဟာ တိုက်စစ်အသာပေးကစားခဲ့ပြီးရှေ့တန်းကစားသမား ၃ ဦးအထိအသုံးပြုခဲပေမယ့် အဆိုပါစနစ်ကို ယခုပြိုင်ပွဲမှာတော့ဆက်လက်အသုံးပြုမှာမဟုတ်ဘူးလို့ အင်းနရစ်ကဆိုပါတယ်။ စပိန်သားနည်းပြက "ကျွန်တော်တို့ရဲ့တိုက်စစ်ကစားပုံကိပြောင်းလဲသွားရပါမယ်။ ဘာကြောင့်လဲဆိုတော့ဘောလုံးမှာ နည်းစနစ်တစ်ခုတည်းနဲ့ အလုပ်ဖြစ်မှာမဟုတ်လို့ပါ။ ပြိုင်ဘက်ကိုဖိအာပေးဖို့အမြဲတမ်းကြိုးစာနေချိန်မှာ သူတို့က ဒီကစားကွက်ကို နားလည်သဘောပေါက်ပြီး ပြန်လည်ခုခံဖို့ပြင်ဆင်ထားမှာပါပဲ"

"ဘယ်နည်းပြမဆို နည်းစနစ်တစ်ခုတည်းကိုပဲ ပုံသေအသုံးပြုနေတာမျိုးမရှိပါဘူး။မော်ဒန်‌ ဘောလုံလောကမှာ နည်းပြတိုင်းက သူ့ထက်ငါ နည်းစနစ်ပေါင်းစုံကိုအသုံးပြု နေတာကြောင့် ကစားကွက်တစ်ခုတည်းနဲ့ပြိုင်ဘက်တွေကိုကစားနေလို့ မရပါဘူး" ပြိုင်ဘက်‌တွေအတွက် မထင်မှတ်ထားတဲ့ကစားပုံကို အမြဲတမ်ပြောင်းလဲ နေဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အသင်းက ကျရှုံးသွားနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့စဉ်က ပီအက်စ်ဂျီဟာ ၁-၀ နဲ့အရေးနိမ့်ထားခဲ့ပြီး ယခုအခါမှာတော့ အဆိုပါရှုံးကြွေးကိုပြန်ဆပ်ဖို့ အခွင့်အ‌‌ ရေးရလာခဲ့ပြီဖြစ်ပါတယ်။ ဆက်လက်ပြီး အင်းနရစ်က "ကျွန်‌တော်တို့လက်စားချေခွင့်ပြန်ရလာပြီဆိုပေမယ့် ဘိုင်ယန်မြူးနစ်က ဘယ်လောက်ခက်တဲ့အသင်းလည်းဆိုတာ သိပါတယ်။ ဒါပေမယ့် အဲဒီတုန်းကလည်း ကျွန်တော်တို့က သူတို့ထက်ပိုကောင်းခဲ့ပါတယ်။ အခုချိန်မှာ အသင်းကပြောင်းလဲမှု‌ တွေအများကြီးပြုလုပ်ထားပြီး တိုးတက်မှုတွေလည်းရှိလာတော့ ဘယ်အသင်းကိုမဆိုအနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အသင်းရဲ့လူစာရင်းနဲ့ပတ်သက်ပြီး ကြိုတင်အသိပေးသွားမှာမဟုတ်ကြောင်းကိုလည်း အင်းနရစ်က "ကျွန်တော်တို့အသင်းရဲ့အချက်အလက်‌တွေကို ပြိုင်ဘက် တွေအခွင့်အ ရေးရသွားမှာစိုးလို့အခုချိန်မှာပြောပြသွားမှာမဟုတ်ပါဘူး။ မနက်ဖြန်ပွဲမှာတွေ့ရမှာပါ" လိုထပ်လောင်ပြောကြားခဲ့ပါတယ်။